Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် အုပ်ချုပ်​ရေးမှူးသက်​​တော်​စောင့်ပျူအားနွားထိုးကြီးPDFပစ်ခတ်ရှင်းလင်း၊​ သေနတ် ၂လက်နှင့်ကျည်များရ

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် မကြာခဏ တိုက်ခိုက်နေသည်။

(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)
(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ သက်တော်စောင့် ပျူ​စောထီးတစ်ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့( ဇူလိုင်လ ၂၉ရက်နေ့)မွန်းလွဲပိုင်းက မြင်းခြံမြို့နယ် စံပြကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏သက်တော်စောင့် ၊ လေတပ်မှဒုတပ်ကြပ် ကျော်ဇင်ထွန်းဆိုသူအား မြင်းခြံခရိုင် တပ်ရင်း (၄) နွားထိုးကြီးPDFအဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည်။ ​လေတပ်မှ ဒုတပ်ကြပ်​ဟုစာရွက်ဖြတ်ပိုင်းတစ်ခုတွင်​ရေးထား​သော်လည်း သိမ်းဆည်းရမိ​သော ​သေနတ်တစ်လက်တွင် “ပသစ” ဟု​ရေးသားထားသည်ကို​တွေ့ရပြီး ပျူ​စောထီးများကို စစ်တပ်က ​ပေး​လေ့ရှိ​သော​သေနတ်မျိုးသာဖြစ်၍ ပျူ​စောထီးတစ်ဦးသာဖြစ်​ကြောင်း စစ်​ရေး​လေ့လာသူတစ်ဦးက​ပြောသည်။

(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)
(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)

ကာဗိုင်(၁) လက် ၊ 12 Bore Slide Action Shotgun (၁) လက် 12 Bore Shotgun ကျည်အတောင့် (၂၀)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFတာဝန်ရှိသူက “အုပ်ကြီးမှာ သက်တော်စောင့်၃ယောက်ရှိတာ။ သူကတစ်ယောက်ထဲကျန်ခဲ့တာ။ အုပ်ကြီးမတွေ့လို့ သူ့ရှင်းခဲ့တာ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှ လေတပ်မှဒုတပ်ကြပ်ဖြစ်ကြောင်းကို ၎င်းနှင့်အတူသိမ်းဆည်းရမိသည့်စာရွက်စာတမ်းများအရသိရကြောင်း နွားထိုးကြီး PDFက ပြောသည်။

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် မကြာခဏ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။