Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်လူငယ်များက ပြည်သူလူထုနှင့်အတူ YBS ယာဥ်ပေါ်တွင် တော်လှန်သစ္စာအဓိဌာန်ပြု

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ - AAMIJ

ပြည်သူများလည်း တက်ကြွစွာ ပါဝင်ခဲ့သည့်အတွက် အားတက်မိကြောင်း ရန်ကုန်သပိတ် လှုပ်ရှားသူပြော

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးများ တင်းကြပ်နေသည့် ကြားမှ တော်လှန်လူငယ်များသည် ယနေ့ (ဇူလိုင် ၃၁) ညနေပိုင်း၌ YBS ကားပေါ်၌ ပြည်သူလူထုနှင့်အတူ “လူထုသစ္စာအဓိဌာန်ပြုပွဲ” လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

လူငယ်များက တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူ အပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုခြင်း၊ တော်လှန်ရေး ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုခြင်း၊ တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေ၊ တရားတဲ့သူသာ နိုင်ကြေးဟေ့ စသည့် သစ္စာအဓိဌာန်များကို ပြည်သူများနှင့်အတူ သစ္စာအဓိဌာန်ပြုခဲ့ကြသည်။

ထို့နောက် ပြည်သူလူထုနှင့်အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်၍ “အရေးတော်ပုံ အောင်ရမည်” ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

” စစ်ကောင်စီဟာ မနက်အာရုံဦး အစောပိုင်းထဲက လူထုကြားကိုအသွင်ယူပြီး တော်လှန်ရေး လှုပ်ရှားမှုတွေကိုဖြိုခွင်း ဖမ်းဆီးရန်အသင့်ဖြစ်နေခဲ့ပါတယ်။ အရပ်၀တ်သဏ္ဍန်၊ယာဉ်စစ်ဆေးမှု၊ ပတ်ကင်းကားများနှင့် လမ်းသွားလမ်းလာပြည်သူတွေကို မျက်စိရှေ့တင်စစ်ဆေးမှုတွေလုပ်နေ တာကို တွေ့မြင်ခဲ့ရပါတယ်။ အားလုံး ၁၀း၃၇ ရောက်တဲ့အထိ ဘာမှလှုပ်ရှားလို့မရခဲ့ဘူး။ နောက်ဆုံး ရအောင်လုပ်မယ်ဆိုပြီး အရေးပေါ်တိုင်ပင်ကြပြီး လူထုနှင့်အနီးစပ်ဆုံးဟာ YBS ပဲရှိတော့တယ်။ ဘက်စ်ကားပေါ် လှုပ်ရှားကြမယ်ဟုဆုံးဖြတ်ကြပြီး ကားပေါ်ရှိလူထုနှင့်အတူ သစ္စာအဓိဌာန်ပြု ခြင်းကိုလှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ် “ဟု ရန်ကုန်သပိတ် တက်ကြွလှုပ်ရှားသူ ကိုရဲညီထက်က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ – AAMIJ

ယင်းဆန္ဒပြခြင်း ပြည်သူများလည်းတက်ကြွစွာ ပါဝင်ခဲ့သည့်အတွက် အားတက်မိကြောင်းနှင့် တော်လှန်လူငယ်များကြောင့် ပြည်သူများ ထိခိုက်မိခြင်းကိုလည်း စိတ်မကောင်းစွာဖြင့် တောင်းပန်ခဲ့ကြောင်း ကိုရဲညီထက်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။