Connect with us

Hi, what are you looking for?

သတင်း

ပျူစောထီးရွာများမှ ထွက်ပြေးလာသူများအား သတင်းပို့အပ်နှံကြရန် ချောင်းဦးပကဖသတိပေး

ပျူစောထီးများအနက်ကျော်ဇောသတင်းရှိသူများကိုသာအများပြည်သူကပျူစောထီးဟုသိရှိနိုင်ပြီးလက်အောက်ငယ်သားများမှာစနစ်တကျစစ်ဆေးမှသာ ပျူစောထီဖြစ်ကြောင်းပေါ်ပေါက်လေ့ရှိသည်ဟုဆိုသည်။

(ဒေသတစ်ခုတွင် အကြမ်းဖက်စစ်တပ်က ပျူစောထီးသင်တန်းပေးနေစဥ်။ ။ဓါတ်ပုံ-CJ)
(ဒေသတစ်ခုတွင် အကြမ်းဖက်စစ်တပ်က ပျူစောထီးသင်တန်းပေးနေစဥ်။ ။ဓါတ်ပုံ-CJ)

ပျူစောထီးရွာများမှ စွန့်ခွာလာသူများအား စနစ်တကျစစ်ဆေးနိုင်ရန်အတွက် မြို့နယ်ပကဖသို့ သတင်းပို့အပ်နှံကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဇူလိုင်လ၃၀ရက်နေ့တွင် သတိပေးကြေညာချက်ထုတ်ပြန်သည်။

ချောင်းဦးမြို့နယ်အတွင်း ပျူစောထီးကြီးစိုးရာ ရွာများရှိပြီး ထိုရွာများမှစွန့်ခွာလာသူများနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က လမ်းညွှန်သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးရွာများမှ ပျူစောထီးများနှင့် လူသားဒိုင်းအဖြစ် အပြင်ထွက်ခွင့်ပိတ်ပင်ခံထားရသည့်ပြည်သူအချို့သည် ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးလျက်ရှိသည်။

ကျေးရွာကိုစွန့်ခွာလာသည့် ပျူစောထီးများအနက် အချို့မှာပျူစောထီးဟုဝန်ခံ၍ အလင်းဝင်ရောက်လာသော်လည်း အချို့မှာပြည်သူဟုလိမ်လည်၍ ပတ်ဝန်းကျင်ကျေးရွာများသို့ ခိုဝင်နေထိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးများအနက်ကျော်ဇောသတင်းရှိသူများကိုသာအများပြည်သူကပျူစောထီးဟုသိရှိနိုင်ပြီးလက်အောက်ငယ်သားများမှာစနစ်တကျစစ်ဆေးမှသာ ပျူစောထီဖြစ်ကြောင်းပေါ်ပေါက်လေ့ရှိသည်ဟုဆိုသည်။

မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့်စနစ်တကျစိစစ်၍ ပြည်သူစစ်မှန်သူများကို ၎င်းတို့သွားလိုရာအရပ်သို့ပို့ဆောင်ခြင်း၊ ပျူစောထီးဟုဝန်ခံကာ အလင်းဝင်ရောက်ခြင်းမပြုဘဲ ပြည်သူဟုလိမ်လည်၍ထွက်လာသော ပျူစောထီးများကို လိုအပ်သလို သတိပေးခြင်း၊ ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုသို့ထွက်ပြေးလာသူများကို အချို့သော တော်လှန်ရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ သတင်းပို့၍ စစ်ဆေးမှုခံယူစေခြင်းမရှိဘဲ မိမိသဘောဆန္ဒဖြင့်ခေါ်ယူလက်ခံခြင်း၊အာမခံခြင်း၊အခြားအရပ်ဒေသသို့ပို့ဆောင်ခြင်း၊ ကျေးရွာမှစွန့်ခွာလာသည့် ပျူစောထီးများနှင့် ဆွေမျိုးတော်စပ်မှု/ ပုဂ္ဂိုလ်ရေးခင်မင်မှုတို့ကိုအခြေခံ၍ ပျူစောထီးများကို ခိုးဝှက်ခေါ်ဆောင်ခြင်းတို့ ပြုလုပ်လျက်ရှိပြီး စိစစ်တွေ့ရှိရကြောင်းရေးသားထားသည်။

ထို့ကြောင့်ပျူစောထီးရွာများမှ စွန့်ခွာလာသူအားလုံးကိုစနစ်တကျစစ်ဆေးနိုင်ရန် လက်ခံသည့်လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများက မြို့နယ် ပကဖ သို့ သတင်းပို့အပ်နှံကြရန်နှင့် အပ်နှံခြင်းမရှိဘဲ ပျူစောထီးရွာများမှထွက်လာသူများအားမိမိဒေသတွင်လက်ခံခြင်း၊ စွန့်ခွာလာသူများကို မိမိဆန္ဒသဘောဖြင့် ပတ်ဝန်းကျင်ကျေးရွာများသို့ပို့ဆောင်ခြင်း၊ အခြာဒေသသို့ပို့ဆောင်ခြင်း၊ နှင့် ခိုးဝှက်နေထိုင်စေခြင်းများပြုလုပ်ကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်​​ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။