Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ဒုံးပျံရဲ့ စွန့်ပစ် အစိတ်အပိုင်း သမုဒ္ဒရာ ရေပြင်ဆီ ကျဆင်းမယ်လို့ အတည်ပြု

ဘာပဲဖြစ်ဖြစ် အာကာသထဲက အန္တရာယ် ရှိလောက်တဲ့ အမှိုက်သရိုက်တွေကို စနစ်တကျ မထိန်းချုပ်နိုင်ဘဲ ကမ္ဘာပေါ် ပြန်ပျက်ကျလာစေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာကာသ အမှိုက်တွေအပေါ် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

တရုတ် ဒုံးပျံရဲ့ စွန့်ပစ် အစိတ်အပိုင်း သမုဒ္ဒရာ ရေပြင်ဆီ ကျဆင်းမယ်လို့ အတည်ပြု
တရုတ် ဒုံးပျံရဲ့ စွန့်ပစ် အစိတ်အပိုင်း သမုဒ္ဒရာ ရေပြင်ဆီ ကျဆင်းမယ်လို့ အတည်ပြု

အာကာသထဲက တရုတ်ဒုံးပျံ စွန့်ပစ် အစိတ်အပိုင်းကြီး တစ်ခုဟာ လူသူကင်းဝေးရာ သမုဒ္ဒရာ ရေပြင်ထဲကိုသာ ပျက်ကျလိမ့်မယ်လို့ အမေရိကန်နဲ့ တရုတ် အစိုးရ အာကာသ အေဂျင်စီတွေက အသီးသီး ကြေညာခဲ့ပါတယ်။

တရုတ် အာကာသ အေဂျင်စီက Long March 5B ဒုံးပျံရဲ့ ၂၅ တန်လောက် လေးလံတဲ့ ပင်မ ကိုယ်ထည် အစိတ်အပိုင်း တစ်ခုဟာ ကမ္ဘာ့လေထုထဲ ပြန်လည် ဝင်ရောက်လာချိန်မှာ ပစိဖိတ် သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဆူလူ ပင်လယ်ထဲ ပျက်ကျလိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။

အစောပိုင်းမှာတုန်းက ဒုံးပျံရဲ့ စွန့်ပစ် ကိုယ်ထည် အပိုင်းကြီးဟာ လူနေ ဧရိယာတွေပေါ် ပျက်ကျလာနိုင်တယ်ဆိုတဲ့ ကောလာဟလ ထင်ကြေးတွေ ရှိခဲ့ဖူးပေမယ့် အာကာသ ပညာရှင်တွေကတော့ လူထူထပ်ရာ နေရာတွေဆီ ဒုံးပျံရဲ့ အစိတ်အပိုင်းတွေ ပြုတ်ကျလာဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့ သုံးသပ်ကြပါတယ်။

ဘာပဲဖြစ်ဖြစ် အာကာသထဲက အန္တရာယ် ရှိလောက်တဲ့ အမှိုက်သရိုက်တွေကို စနစ်တကျ မထိန်းချုပ်နိုင်ဘဲ ကမ္ဘာပေါ် ပြန်ပျက်ကျလာစေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာကာသ အမှိုက်တွေအပေါ် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က တရုတ် အာကာသ အေဂျင်စီ အနေနဲ့ ဒုံးပျံ ဒီဇိုင်းတွေကို ကမ္ဘာပေါ် ပြန်ပျက်ကျလာတဲ့အခါ အသေးစား အမှုန်အမွှားလေးတွေအဖြစ် ကွဲထွက်သွားတဲ့ ပုံစံမျိုး တည်ဆောက်သင့်ကြောင်း ထောက်ပြခဲ့ဖူးပါတယ်။ နာဆာက Long March 5B အစိတ်အပိုင်းဟာ အိန္ဒိယ သမုဒ္ဒရာထဲကို ပျက်ကျမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့က အသီးသီး တွက်ချက်ထားတဲ့ နေရာတွေက ပင်လယ် သမုဒ္ဒရာ ရေပြင်မှာ ဖြစ်ပေမယ့် အတိအကျတော့ မတူညီကြပါဘူး။

Long March 5B ဒုံးပျံကို ဇူလိုင် ၂၄ ရက်မှာ တရုတ်ရဲ့ တီယန်ကောင်း အာကာသ စခန်းဆီ လွှတ်တင်ခဲ့ပါတယ်။ အဲဒီ ဒုံးပျံကို လွှတ်တင်ဖို့ လိုအပ်တဲ့ စနစ်တွေကို အပိုင်းလိုက် ပြန်ဖြုတ်ချနိုင်အောင် စီစဉ်ထားပြီး အခု ကမ္ဘာပေါ် ပြန်ပြုတ်ကျလာတာကတော့ ပေ ၁၀၀ လောက် ရှည်လျားပြီး ဟိုက်ဒရိုဂျင် လောင်စာတောင့်တွေကို အားဖြည့်ပေးတဲ့ ပင်မ အစိတ်အပိုင်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မေလတုန်းက တရုတ်ရဲ့ ဒုံးပျံ အစိတ်အပိုင်းတချို့ အိုင်ဗရီကို့စ် နိုင်ငံက လူနေဧရိယာထဲ ပြုတ်ကျလာလို့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပါတယ်။ Long March 5Bရဲ့ တူညီတဲ့ စနစ်ကိုပဲ အသုံးပြုပြီး ၂၀၂၀ ပြည့်နှစ် မေလနဲ့ ၂၀၂၁ ခုနှစ်၊ မေလတွေမှာ တီယန်ကောင်း အာကာသ စခန်းအတွက် ပစ္စည်းတွေ ပို့ဆောင်ဖို့ လွှတ်တင်ခဲ့ပြီး ဒီဇိုင်းတည်ဆောက်ပုံအရ ဒုံးကျည် ပင်မ အစိတ်အပိုင်းကို အခုလိုပဲ ကမ္ဘာပေါ် ပြန်ဖြုတ်ချခဲ့ရပါတယ်။ တစ်ကြိမ်က အိုင်ဗရီကို့စ်ကို ပြုတ်ကျပြီး နောက်တစ်ကြိမ်ကတော့ အိန္ဒိယ သမုဒ္ဒရာထဲ ကျဆင်းသွားခဲ့တာပါ။ အဲဒီ မတိုင်ခင်က ဒုံးကျည်ရဲ့ စမ်းသပ်ဆဲ Portotype အဆင့်ကို ၂၀၁၈ မှာ လွှတ်တင်ခဲ့တဲ့နောက် စွန့်ပစ် အစိတ်အပိုင်းတွေက ပစိဖိတ် သမုဒ္ဒရာထဲ ပြန်ကျဆင်းလာခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook