Connect with us

Hi, what are you looking for?

သတင်း

ဆန္ဒပြနေရာများကို စစ်ကောင်စီက လာရောက်အကြမ်းဖက်ပြီး အကြောက်တရားထည့်သွင်းနိုင်၍ လူငယ်များက ပြည်သူများကို ဒူးထောက်တောင်းပန်

ည ၇ နာရီခွဲအချိန်ခန့်တွင် လမ်းကိုဖြတ်သန်းခွင့်ပြန်ပေးခဲ့သည်။ အထက်ပါ ဖြစ်စဉ်၌ ဖမ်းဆီးခံရသူ များရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

ဓာတ်ပုံ - AAMIJ
ဓာတ်ပုံ - AAMIJ

အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းများပိတ်၍ ရမ်းကားမှုပြုလုပ်

အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ ရန်ကုန်ပြည်သူ များနှင့်အတူ ရေဘဝဲနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ဦးဆောင်၍ ယနေ့ (ဇူလိုင် ၃၁) ညနေပိုင်း၌ “လူထုသစ္စာအဓိဌာန်ပြုပွဲ” ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြ လူငယ်များက” တရားတဲ့သူသာ နိုင်ကြေးဟေ့၊အားလုံးစုစည်းနေရင် ဘာမှမဖြစ် ” စာတန်းကိုကိုင်ဆွဲကာ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် မျက်နှာပုံများကို အသီးအသီးကိုင်ဆောင်လျက် ပြည်သူလူထုနှင့်အတူ သစ္စာအဓိဌာန်ပြုခဲ့သည်။

ယခုကဲ့သို့ သစ္စာအဓိဌာန်ပြုပွဲ ကျင်းပသည့်အတွက် စစ်ကောင်စီဝင်များ လာရောက်အကြမ်းဖက်ပြီး အကြောက်တရား ထည့်သွင်းနိုင်သည့်အကြောင်း ပြောကြားကာ တော်လှန်ရေးလူငယ်များက ပြည်သူများကို ဒူးထောက် တောင်းပန်စကားဆိုခဲ့ကြသည်။

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်သည့် လူငယ်များက ၎င်းတို့ပွဲပြီးချိန်၌ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြုံလာနိုင်ကြောင်းပြောကြား၍ ယင်းကိစ္စအတွက်အနူးအညွှတ် တောင်းပန် ကြောင်းနှင့် တော်လှန်ရေးလူငယ်များကို ခွင့်လွှတ်ကြရန် ဒူးထောက်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်သည့် နေရာများကို ဖိအားပေး‌လေ့ရှိ သည့် အကြမ်းဖက် စစ်ကောင်စီက ယနေ့ညနေပိုင်းတွင် လှိုင်မြို့နယ် (၇)ရပ်ကွက်၌ လမ်းများကို ပိတ်၍ ရမ်းကားမှုများ ပြုလုပ်ခဲ့သည်။

ဇူလိုင် ၃၁ ရက် ညနေတွင် လှိုင်မြို့နယ် (၇)ရပ်ကွက် မယ်ဇလီကုန်းလမ်း၌ လူငယ်များက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲ ပြုလုပ်ပြီး၍ မိနစ်ပိုင်းအကြာတွင် အကြမ်းဖက်စစ်ကောင်စီကားနှစ်စီး အဆိုပါနေရာသို့ လာရောက်ကာ ယင်းနေရာအနီးအနားမှ ဆိုင်များကိုပိတ်ရန် နှင့် ဆိုင်အချို့မှလူများကို လမ်းမပေါ်ထွက်၍ထိုင်ခိုင်းခဲ့ကြောင်း မျက်မြင် တွေ့ခဲ့ရသူများက ပြောသည်။

“လက်ဖက်ရည်ဆိုင်ကလူတွေကို လမ်းပေါ်မှာ ငုတ်တုတ်ထိုင်ခိုင်းတာ။ တကယ်တမ်းသူတို့လာတဲ့ အချိန် ကလေးတွေက မရှိတော့ဘူး။ “ဟု ယင်းနေရာ အနီး၌ နေထိုင်သူတစ်ဦးက ပြောသည်။

ထို့နောက် ကျောင်းကုန်း (၃)လမ်းထိပ်၌ ကားပိတ်ရပ်၍ ယင်းလမ်းကို တစ်ဖက်သို့ ဖြတ်ခွင့်မပေးဘဲ နှစ်နာရီခန့်ပိတ်ဆို့ စစ်ဆေးခဲ့သည်။

“အမေ့ကိုဆေးခန်းပြမှာဆိုတာတောင် ပေးမဖြတ်ခိုင်းဘူး”ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ သေနတ်လွယ်ထားသည့် အရပ်ဝတ်အမျိုးသားများ လည်း ပါဝင်ပြီး ယင်းနေရာအနီးတဝိုက်ကိုလည်း ပတ်ရမ်းသွားကြောင်း အမျိုးသားတစ်ဦးက ပြောသည်။

လမ်းပိတ်ထားသည့်အချိန်သည် အလုပ်ဆင်းလာသူများ၏ အိမ်ပြန်ချိန် ဖြစ်သောကြောင့် ပြည်သူအများ အခက်အခဲကြုံခဲ့ရပြီး အချို့သူများသည် အိမ်ပြန်ရန်အတွက် တစ်နာရီခန့် စောင့်ဆိုင်းခဲ့ရသည်။

ည ၇ နာရီခွဲအချိန်ခန့်တွင် လမ်းကိုဖြတ်သန်းခွင့်ပြန်ပေးခဲ့သည်။ အထက်ပါ ဖြစ်စဉ်၌ ဖမ်းဆီးခံရသူ များရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့်ရက်ကလည်း အာဏာရှင်ဆန့်ကျင်ရေးပွဲ ပြုလုပ်သည့်နေရာမှ ဈေးသည်များကို အကြမ်းဖက်စစ်ကောင်စီက ဖိနှိပ်မှုများပြုလုပ်ခဲ့သည်။

“ကလေးတွေနဲ့ ပြည်သူတွေကို ရန်တိုက်ပေးနေတာ ။ နောက်ကို ပွဲတွေ လာမလုပ်အောင်။ “ဟု အသက် (၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဓာတ်ပုံ – AAMIJ

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။