Connect with us

Hi, what are you looking for?

သတင်း

က​လေး​တောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ၁၀ဦးသေဆုံးဟု PDF(ကလေး)ထုတ်ပြန်

စစ်ကောင်စီတပ်သည် မွန်းလွှဲ ၂နာရီခန့်က သာယာကုန်းရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို ပစ်သတ်ခဲ့​ကြောင်္လည်း PDF(ကလေး)ကထုတ်ပြန်သည်။

(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-PDF(က​လေး))
(က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-PDF(က​လေး))

ကလေးမြို့၊ နည်းပညာတက္ကသိုလ်မှ မြို့တောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာစစ်သား၁၀ဦးကျော်သေဆုံးခဲ့ကြောင်းPDF(ကလေး)က ယနေ့ထုတ်ပြန်သည်။

အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်ကို ကလေးမြို့တောင်ပိုင်း၊သာယာကုန်းရွာအနီးတွင်ယနေ့(ဩဂုတ် ၂ ရက်) နံနက် ၆နာရီခွဲမှညနေ ၃နာရီအထိဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၁၀ဦးကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟုလည်း​ဖော်ပြထားသည်။ ကြ္းဖြတ်အတိုက်ခံရသဖြင့် စစ်ကောင်စီတပ်ကလည်းနည်းပညာတက္ကသိုလ်ထဲမှသာယာကုန်းရွာထဲသို့ လက်နက်ကြီးများ မနားတမ်းရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု PDF(ကလေး)ကအသိ​ပေးသည်။

စစ်ကောင်စီတပ်က သေဆုံးသွားသည့် ရုပ်အလောင်းများနှင့် လူနာများကို နည်းပညာတက္ကသိုလ်ထဲကို ပြန်လည်ဆွဲယူသွားပြီး ကလေးမြို့ထဲသို့ လူနာတင်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားသည်ဟု PDF(ကလေး)ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ကလေးမြို့နယ်တောင်ပိုင်းတွင် PDF- kalay ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များနဲ့ စကစများ တိုက်ပွဲများပြင်းထန်နေပြီး မွမ်းခါး(မုန့်ဟင်းခါး)များများ ချက်ပြုတ်နေပါတယ်။ ကျွန်တော်တို့ PDF Kalay ရဲဘော်များနဲ့ မဟာမိတ်ရဲဘော်များဘေးကင်းဖို့ အထူးသတိရဆုတောင်းပေးကြပါအုံးခင်ဗျာ။ အလှူရှင်များလိုအပ်နေပါတယ်”ဟု PDF(ကလေး) တပ်ရင်းမှ ရဲဘော်တစ်ဦးက ၎င်း၏ လူမှုကွန်ယက်ပေါ်တွင် ရေးသားထားသည်။

စစ်​ကောင်စီတပ်ကို PDF(ကလေး)၏ တပ်ရင်း ၁၊ ၂၊ ၅၊ ၆ ၊ ပကဖ (ကလေး) ၊ RKDF၊ CNF နှင့် CDF(KKG)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

စစ်ကောင်စီတပ်သည် မွန်းလွှဲ ၂နာရီခန့်က သာယာကုန်းရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို ပစ်သတ်ခဲ့​ကြောင်္လည်း PDF(ကလေး)ကထုတ်ပြန်သည်။

လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကို မော်တော်ယာဉ်များသွားလာခြင်းမပြုရန်လည်း PDF(ကလေး)ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။