Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင်သုံးရက်အတွင်းစစ်ကောင်စီတပ်နှင့်ပျူ၂၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။

(သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-တန့်ဆည် ပ.က.ဖ)
(သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-တန့်ဆည် ပ.က.ဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင်စစ်​ကောင်စီတပ်အား ခုခံတိုက်ခိုက်ရာ သုံးရက်အတွင်း စစ်သားနှင့်ပျူ ​စောထီးနှစ်ဆယ်ကျော်သေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းအဖွဲ့များကပြောသည်။

သြဂုတ်လ၃ရက်နေ့ ည ၁၁နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ဗျက်ကြီးရွာကို ဝင်ရောက်စီးနင်းခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ပျူများကို ပြည်သူ့ကာကွယ်​ရေးအဖွဲ့များက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူ ၁၈ ဦးသေဆုံးကာ ၅.၅၆ကျည် ၁၀၀တောင့်၊ စက်ကလေးကျည် ၂ တောင့်အီနာဂါ ၁ လုံးသိမ်းဆည်းရမိခဲ့ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့ကထုတ်ပြန်သည်။

အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

သြဂုတ်လ ၄ရက် ညနေ၆နာရီခန့်ကလည်း တန့်ဆည်မြို့နယ်၊ ကဘဲရွာမှ ကင်းလှည့်ထွက်လာသော ပျူစောထီးများသည် တဆယ်ကျေးရွာအနီးတွင် တိုက်မိုင်းမိပြီး ၅‌ဦး သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင်ယမန်နေ့ (သြဂုတ်လ၅ရက်နေ့) ညနေ ၄နာရီခွဲခန့် တွင်လည်းချောင်းဆုံရွာ၊ ပျူစောထီးနေအိမ်ကို တပ်ရင်း၆နှင့်ပကဖ ပူးပေါင်းကာ အီနာဂါချပြီး စနိုက်ဘာဖြင့်ပါ ပစ်ခတ်ရာ ပျူတစ်ဦးသေဆုံးပြီး ဒါဏ်ရာရသူများရှိခဲ့ကြောင်း တန့်ဆည် ပ.က.ဖ က အသိပေးသည်။

တိုက်ပွဲများနှင့်ပတ်သက်ပြီး ​ဒေသတွင်းPDF များကို​People’s Spring ကဆက်သွယ်မေးမြန်းရန်ကြိုးစ္း​နေ​သော်လည်း ဆက်သွယ်မရ​သေးပါ။အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook