Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ ရိုလာကိုစတာပေါ် ရထားတွဲချင်း တိုက်မိလို့ လူ ၃၀ ကျော် ဒဏ်ရာရ

Fire Dragonဟာ တွန့်လိမ်ကွေ့ကောက်နေတဲ့ သံလမ်းပေါ်မှာ တည်ဆောက်ထားတဲ့ ရိုလာကိုစတာ အကြီးစားတစ်ခုဖြစ်ပြီး ရထားတွဲတွေဟာ တစ်နာရီ ၁၈ မိုင် မြန်နှုန်းလောက်နဲ့ ပြေးလွှားနေလေ့ရှိကြောင်း သိရပါတယ်။

ဂျာမနီမှာ ရိုလာကိုစတာပေါ် ရထားတွဲချင်း တိုက်မိလို့ လူ ၃၀ ကျော် ဒဏ်ရာရ
ဂျာမနီမှာ ရိုလာကိုစတာပေါ် ရထားတွဲချင်း တိုက်မိလို့ လူ ၃၀ ကျော် ဒဏ်ရာရ

ဂျာမနီ နိုင်ငံက ရိုလာကိုစတာတစ်ခုမှာ မတော်တဆမှု ဖြစ်ပွားရာက လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

ဂွန့်ဇ်ဘက်ဂ် မြို့နားမှာရှိတဲ့ Legoland အပန်းဖြေ ဥယျာဉ်ရဲ့ ထုတ်ပြန်ချက်အရ ရိုလာကိုစတာပေါ်မှာ အပျော်စီး ရထားတွဲနှစ်စီး အချင်းချင်း တိုက်မိခဲ့တာလို့ သိရပါတယ်။ ဩဂုတ် ၁၁ ရက်က မတော်တဆ ဖြစ်ရပ်ကြောင့် လူ ၃၁ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးရဲ့ အခြေအနေက ပြင်းထန်တယ်လို့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက ထုတ်ပြန်ပါတယ်။

Fire Dragon ရိုလာကိုစတာမှာ ကြုံတွေ့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် စုံစမ်း စစ်ဆေးသွားမယ်လို့ အပန်းဖြေ ဥယျာဉ်က ကတိပေးထားပြီး ဒီအတောအတွင်း ရိုလာကိုစတာကိုလည်း ယာယီ ပိတ်ထားမှာ ဖြစ်ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ရထားတစ်စီးဟာ ရုတ်တရက် ရပ်တန့်သွားရာက နောက်တစ်စီးနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။

ဒီလိုတွေ ဖြစ်ပျက်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် အတိအကျ မပြောနိုင်သေးကြောင်း၊ ဒီကိစ္စမျိုးက အရမ်းရှားပါးတဲ့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့ သတ်မှတ်ရမှာဖြစ်ကြောင်း Legolandရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ရထားနှစ်စီးပေါ်မှာ စုစုပေါင်း လူ ၃၈ ဦး လိုက်ပါလာပြီး ၃၁ ယောက်က ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီထဲက ၁၄ ယောက်ကို ဒဏ်ရာအခြေအနေ သေချာစစ်ဆေးဖို့ ဆေးရုံ ပို့ဆောင်ခဲ့ပြီး ၁ ဦးကတော့ ဒဏ်ရာပြင်းတဲ့အတွက် ဆေးရုံမှာ ရက်အတော်ကြာ ကုသမှု ခံယူရဦးမှာပါ။

မတော်တဆမှုအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ Legolandကို ရဟတ်ယာဉ် ၃ စီး ဆင်းသက်လာတာကိုလည်း တွေ့ရကြောင်း ဂျာမန် မီဒီယာတွေက ဖော်ပြပါတယ်။ ရထားနှစ်စီး တိုက်မိပြီးတဲ့နောက် ရိုလာကိုစတာပေါ်မှာ စီးနင်းသူတွေ ပိတ်မိနေတာကြောင့် မီးသတ်ကား နှစ်စီးက လှေကားထောင်ပြီး ကူညီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Fire Dragonဟာ တွန့်လိမ်ကွေ့ကောက်နေတဲ့ သံလမ်းပေါ်မှာ တည်ဆောက်ထားတဲ့ ရိုလာကိုစတာ အကြီးစားတစ်ခုဖြစ်ပြီး ရထားတွဲတွေဟာ တစ်နာရီ ၁၈ မိုင် မြန်နှုန်းလောက်နဲ့ ပြေးလွှားနေလေ့ရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိန်းကလေး တစ်ယောက်ကို မဖွယ်မရာ ထိကိုင်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့တဲ့ စက်ရုပ်နဲ့ အဲဒီစက်ရုပ်ရဲ့ ပိုင်ရှင်ကို ဂျာမနီ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီ အစိုးရ အဓိပတိ ရောက်ရှိချိန်မှာတောင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့နေခဲ့ရကြောင်း သိရပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။