Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ ရိုလာကိုစတာပေါ် ရထားတွဲချင်း တိုက်မိလို့ လူ ၃၀ ကျော် ဒဏ်ရာရ

Fire Dragonဟာ တွန့်လိမ်ကွေ့ကောက်နေတဲ့ သံလမ်းပေါ်မှာ တည်ဆောက်ထားတဲ့ ရိုလာကိုစတာ အကြီးစားတစ်ခုဖြစ်ပြီး ရထားတွဲတွေဟာ တစ်နာရီ ၁၈ မိုင် မြန်နှုန်းလောက်နဲ့ ပြေးလွှားနေလေ့ရှိကြောင်း သိရပါတယ်။

ဂျာမနီမှာ ရိုလာကိုစတာပေါ် ရထားတွဲချင်း တိုက်မိလို့ လူ ၃၀ ကျော် ဒဏ်ရာရ
ဂျာမနီမှာ ရိုလာကိုစတာပေါ် ရထားတွဲချင်း တိုက်မိလို့ လူ ၃၀ ကျော် ဒဏ်ရာရ

ဂျာမနီ နိုင်ငံက ရိုလာကိုစတာတစ်ခုမှာ မတော်တဆမှု ဖြစ်ပွားရာက လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

ဂွန့်ဇ်ဘက်ဂ် မြို့နားမှာရှိတဲ့ Legoland အပန်းဖြေ ဥယျာဉ်ရဲ့ ထုတ်ပြန်ချက်အရ ရိုလာကိုစတာပေါ်မှာ အပျော်စီး ရထားတွဲနှစ်စီး အချင်းချင်း တိုက်မိခဲ့တာလို့ သိရပါတယ်။ ဩဂုတ် ၁၁ ရက်က မတော်တဆ ဖြစ်ရပ်ကြောင့် လူ ၃၁ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးရဲ့ အခြေအနေက ပြင်းထန်တယ်လို့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနက ထုတ်ပြန်ပါတယ်။

Fire Dragon ရိုလာကိုစတာမှာ ကြုံတွေ့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် စုံစမ်း စစ်ဆေးသွားမယ်လို့ အပန်းဖြေ ဥယျာဉ်က ကတိပေးထားပြီး ဒီအတောအတွင်း ရိုလာကိုစတာကိုလည်း ယာယီ ပိတ်ထားမှာ ဖြစ်ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ရထားတစ်စီးဟာ ရုတ်တရက် ရပ်တန့်သွားရာက နောက်တစ်စီးနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။

ဒီလိုတွေ ဖြစ်ပျက်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် အတိအကျ မပြောနိုင်သေးကြောင်း၊ ဒီကိစ္စမျိုးက အရမ်းရှားပါးတဲ့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့ သတ်မှတ်ရမှာဖြစ်ကြောင်း Legolandရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ရထားနှစ်စီးပေါ်မှာ စုစုပေါင်း လူ ၃၈ ဦး လိုက်ပါလာပြီး ၃၁ ယောက်က ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီထဲက ၁၄ ယောက်ကို ဒဏ်ရာအခြေအနေ သေချာစစ်ဆေးဖို့ ဆေးရုံ ပို့ဆောင်ခဲ့ပြီး ၁ ဦးကတော့ ဒဏ်ရာပြင်းတဲ့အတွက် ဆေးရုံမှာ ရက်အတော်ကြာ ကုသမှု ခံယူရဦးမှာပါ။

မတော်တဆမှုအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ Legolandကို ရဟတ်ယာဉ် ၃ စီး ဆင်းသက်လာတာကိုလည်း တွေ့ရကြောင်း ဂျာမန် မီဒီယာတွေက ဖော်ပြပါတယ်။ ရထားနှစ်စီး တိုက်မိပြီးတဲ့နောက် ရိုလာကိုစတာပေါ်မှာ စီးနင်းသူတွေ ပိတ်မိနေတာကြောင့် မီးသတ်ကား နှစ်စီးက လှေကားထောင်ပြီး ကူညီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Fire Dragonဟာ တွန့်လိမ်ကွေ့ကောက်နေတဲ့ သံလမ်းပေါ်မှာ တည်ဆောက်ထားတဲ့ ရိုလာကိုစတာ အကြီးစားတစ်ခုဖြစ်ပြီး ရထားတွဲတွေဟာ တစ်နာရီ ၁၈ မိုင် မြန်နှုန်းလောက်နဲ့ ပြေးလွှားနေလေ့ရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီရဲ့ အင်အားကြီးမားတဲ့၊ ဥရောပကို ဦးဆောင်နိုင်မယ့် နေ့ရက်တွေ ပြန်လည် ရောက်ရှိလာတော့မယ်လို့ ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဆွေးနွေးမှုတွေ အောင်မြင်ပြီးချိန်မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိပါတယ်။

နိုင်ငံတကာ

ဂျာမနီ ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးဝါဒီ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီ အနိုင်ရခဲ့တဲ့နောက် ဖရိုင်းဒရစ်ချ် မားဇ်ဟာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ အင်တိုက်အားတိုက် ဆောင်ရွက်နေပါပြီ။