Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ပေးမှုများ တရားဝင်ဆိုင်းငံ့ထားရန် ဂျာမနီနိုင်ငံခြားရေးက ဘာလင်ရှိ မြန်မာသံရုံးတာဝန်ခံကို ဆင့်ခေါ်သတိပေး

ဂျာမနီသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သေဒဏ်ပေးကွပ်မျက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး ကွပ်မျက်မှုကို တရားဝင်ဆိုင်းငံ့ထားရန်နှင့် အကြမ်းဖက်၊ ဖိနှိပ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

(ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ထိုင်းရောက်မြန်မာများက မြန်မာသံရုံးရှေ့၌ ဇူလိုင်၂၆ရက်က ဆန္ဒပြနေစဥ်)
(ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ထိုင်းရောက်မြန်မာများက မြန်မာသံရုံးရှေ့၌ ဇူလိုင်၂၆ရက်က ဆန္ဒပြနေစဥ်)

စစ်ကောင်စီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့မှုနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာလင်မြို့ရှိ မြန်မာသံရုံးတာဝန်ခံကို ယမန်နေ့တွင်ဆင့်ခေါ် သတိပေးသည်။

ဂျာမနီသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သေဒဏ်ပေးကွပ်မျက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး ကွပ်မျက်မှုကို တရားဝင်ဆိုင်းငံ့ထားရန်နှင့် အကြမ်းဖက်၊ ဖိနှိပ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကလည်း ယခုသီတင်းပတ်အစောပိုင်းတွင် မြန်မာစစ်တပ်၏ ကွပ်မျက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ် သည် မြန်မာပြည်သူများ၏ ပြင်းပြသော ဒီမိုကရေစီဆန္ဒကို မထီမဲ့မြင်ပြုလုပ် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို စစ်ကောင်စီက ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)၊ ဥရောပသမဂ္ဂ၊ အာဆီယံအလှည့်ကျဥက္ကဌနှင့် နိုင်ငံတကာ အသိုင်းအဝန်းက ကန့်ကွက်ရှုတ်ချထားသည်။

Public Service Announcement

Public Service Announcement

ကိုးကား – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီမှာ လိင်တိမ်းညွှတ်မှု စုံလင်ကွဲပြားသူ (LGBTQ)တွေ စုဝေးတဲ့ ချီတက်ပွဲ တစ်ခုကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ မထင်မှတ်ဆုံး ရလဒ်တစ်ခုအဖြစ် နာမည်ကြီး ဂျာမနီ အသင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်မှာပဲ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။ ဂျာမနီဟာ ပါရာဂွေးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်သွားလို့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတာပါ။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း