Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်ပေးမှုများ တရားဝင်ဆိုင်းငံ့ထားရန် ဂျာမနီနိုင်ငံခြားရေးက ဘာလင်ရှိ မြန်မာသံရုံးတာဝန်ခံကို ဆင့်ခေါ်သတိပေး

ဂျာမနီသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သေဒဏ်ပေးကွပ်မျက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး ကွပ်မျက်မှုကို တရားဝင်ဆိုင်းငံ့ထားရန်နှင့် အကြမ်းဖက်၊ ဖိနှိပ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

(ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ထိုင်းရောက်မြန်မာများက မြန်မာသံရုံးရှေ့၌ ဇူလိုင်၂၆ရက်က ဆန္ဒပြနေစဥ်)
(ဒီမိုကရေစီအရေးတိုက်ပွဲဝင်သူလေးဦးအား အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်မှုအပေါ် ထိုင်းရောက်မြန်မာများက မြန်မာသံရုံးရှေ့၌ ဇူလိုင်၂၆ရက်က ဆန္ဒပြနေစဥ်)

စစ်ကောင်စီက ဒီမိုကရေစီတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခဲ့မှုနှင့် ပတ်သက်၍ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက ဘာလင်မြို့ရှိ မြန်မာသံရုံးတာဝန်ခံကို ယမန်နေ့တွင်ဆင့်ခေါ် သတိပေးသည်။

ဂျာမနီသည် အကြမ်းဖက်စစ်ကောင်စီ၏ ဥပဒေမဲ့သေဒဏ်ပေးကွပ်မျက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပြီး ကွပ်မျက်မှုကို တရားဝင်ဆိုင်းငံ့ထားရန်နှင့် အကြမ်းဖက်၊ ဖိနှိပ်မှုများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကလည်း ယခုသီတင်းပတ်အစောပိုင်းတွင် မြန်မာစစ်တပ်၏ ကွပ်မျက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ် သည် မြန်မာပြည်သူများ၏ ပြင်းပြသော ဒီမိုကရေစီဆန္ဒကို မထီမဲ့မြင်ပြုလုပ် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို စစ်ကောင်စီက ဥပဒေမဲ့ သတ်ဖြတ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)၊ ဥရောပသမဂ္ဂ၊ အာဆီယံအလှည့်ကျဥက္ကဌနှင့် နိုင်ငံတကာ အသိုင်းအဝန်းက ကန့်ကွက်ရှုတ်ချထားသည်။

Public Service Announcement

Public Service Announcement

ကိုးကား – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

သတင်း

ထိုင်းစွမ်းအင် လုပ်ငန်းစုကြီး PTTကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းခွဲ နှစ်ခုမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ထည့်ဝင်မယ့် ကိစ္စကို နောက်ဆုတ်ထားတယ်လို့ ဆိုပါတယ်။ ထိုင်းဟာ ပြည်တွင်း အသုံးပြုနေတဲ့ သဘာဝ ဓာတ်ငွေ့ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကို မြန်မာဖက်ကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။

သတင်း

မြန်မာ့ရေတပ် စစ်သင်္ဘောအတွက် စက်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးအပ်ခဲ့သည့် အခြားကုမ္ပဏီများကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးပါရန် ဂျာမန်အာဏာပိုင်များကို Justice For Myanmar က တောင်းဆိုသည်။

နိုင်ငံတကာ

ဝမ်ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်တုန်းက မန်မန်း မူကြိုကျောင်းမှာ ကလေးတွေစားမယ့် ဆန်ပြုတ်ထဲကို ဆိုဒီယမ် နိုက်ထရိတ်တွေ ထည့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေကို စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်လို့ ကျောင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ စကားများခဲ့လို့ပါ။