Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ်(ပကဖ) သတိပေး

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ အချို့ ထိခိုက်ကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ်(ပကဖ) သတိပေး
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ်(ပကဖ) သတိပေး

▪️မလိုက်နာပါက နောက်ဆက်တွဲ ဖြစ်လာမည့်အကျိုးဆက်ကို တာဝန်မယူဟု အသိပေး

▪️ပြည်သူများ​တော်လှန်​ရေးအဖွဲ့များနှင့်ပူးပေါင်း၍အကြမ်းဖက်စစ်တပ်အား ရရာနည်းလမ်းဖြင့် တွန်းလှန်ကြရန်တိုက်တွန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာရှင်စနစ်သက်ဆိုး ရှည်အောင် ဒေါက်တိုင်ပြုလုပ်ပေးနေသော Non CDM ဝန်ထမ်းများအနေဖြင့် ကရင်ပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ယနေ့ ထုတ်ပြန်သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို တာဝန်မယူနိုင်ပါကြောင်းနှင့် ၎င်းတို့တွင်သာ တာဝန်ရှိကြောင်း ပကဖက ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ် ၁၅ရက်တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများစွာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ပြီးပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်ပြည်နယ်(ပကဖ)အနေဖြင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည့်အတွက် ပြည်သူများအနေဖြင့် မိမိတို့နှင့် ပူးပေါင်းကာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား ရရာနည်းလမ်းဖြင့် တွန်းလှန်ကြရန် တိုက်တွန်းလိုက်ကြောင်း ဖော်ပြထားသည်။

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီ ပစ်မှတ်နေရာများကို ယနေ့မနက်က ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦး သေဆုံးပြီး ဥပဒေအရာရှိတစ်ဦးနှင့် ရုံးဝန်ထမ်းတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ဒေသခံ အချို့ ထိခိုက်ကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။