Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတောင်ပိုင်းစစ်​ကြောင်းထိုးလာ​သောစစ်ကောင်စီတပ်ကိုဒေသခံPDFမျာတိုက်ခိုက်

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထားရှိသည်ဟုလည်း​ဖော်ပြထားသည်။

(CDF -KKG တက်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)
(CDF -KKG တက်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-CDF)

ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား အိမ်သစ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF(KKG)ကထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲသည် ယမန့်နေ့(ဩဂုတ် ၁၈ ရက်) က တစ်နာရီကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် အကျအဆုံးများရှိနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်များဘက် နှစ်ဦးမစိုးရိမ်ရ​သောဒဏ်ရာရရှိခဲ့သည်ဟု CDF-က​လေး၊က​​ဘော်၊ဂန့်​ဂေါ် (KKG)ကအသိ​ပေးသည်။

ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းတွင်စစ်ကောင်စီတပ်သား ၅၀နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂၀ ခန့်ဖြင့် စုစုပေါင်း ၇၀ခန့်ပါဝင်သည်။

ဒေသခံကာကွယ်ရေးတပ်များဘက်ကCDF(KKG)တပ်ရင်း-၆၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၊ နဂါးညီနောင်အဖွဲ့(၁)၊ ပ ကဖ နှင့် Gangaw PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထားရှိသည်ဟုလည်း​ဖော်ပြထားသည်။

သို့​သော်စစ်ကောင်စီတပ်က အိမ်သစ်ရွာမှ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ခေါက်ခူရွာမှ ရွာသားနှစ်ဦးကိုဖမ်းဆီးထား​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။