Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါနယ် နှမ်းခါးရွာသို့ စစ်ကောင်စီတပ်ရောက်နေ၍ ပြည်သူများသတိထား တိမ်းရှောင်ရန် ကြေညာ

စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းသည် ဩဂုတ် ၁၉ရက်တွင် ဂန့်ဂေါနယ် တောင်ခရန်ရွာ ရဲစခန်းမှနှမ်းခါးရွာသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထားသည်။

(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)
(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ စစ်ကောင်စီတပ်များရောက်ရှိနေပြီး မည်သည့် နေရာသို့ စစ်ကြောင်းထိုးမည်ကို ခန့်မှန်းမရသေးကြောင့် ပြည်သူများအနေဖြင့် သတိဝိရိယထား၍ ဘေးလွတ်ကင်း သောနေရာများတွင် ရှောင်တိမ်းနေထိုင်ကြရန် နှမ်းခါးရွာလူငယ်အဖွဲ့က ယနေ့ အသိပေး ကြေညာသည်။

စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းသည် ဩဂုတ် ၁၉ရက်တွင် ဂန့်ဂေါနယ် တောင်ခရန်ရွာ ရဲစခန်းမှနှမ်းခါးရွာသို့ စစ်ကြောင်းထိုးလာကြောင်း ဖော်ပြထားသည်။

(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)
(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – နမ်းခါးလူငယ်အဖွဲ့)

ထိုသို့ စစ်ကြောင်းထိုးရာတွင် တောင်ခရန်ရွာ ရဲစခန်းအတွင်းမှ လက်နက်ကြီးများ ပစ်ကူပေးခြင်း ၊ နှမ်းခါးရွာ မြောက်ဘက်ရှိ တောရကျောင်း အတွင်းမှ စစ်ကောင်စီများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စက်သေနတ်များ ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ပြီး နှမ်းခါးရွာသို့ ဝင်ရောက်တပ်စွဲ စခန်းချညအိပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

နှမ်းခါးရွာသို့ ရောက်နေသည့် စစ်ကောင်စီတပ်အနေဖြင့် မည်သည့်နေရာသို့ ဦးတည်မည်ကို မသိရ၍ နှမ်းခါး လူငယ်အဖွဲ့က ယခုကဲ့သို့ ပြည်သူလူထုအား အသိပေး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - နမ်းခါးလူငယ်အဖွဲ့)
(နမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည်ကို ၂၀၂၁ စက်တင်ဘာ ၂၉ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ – နမ်းခါးလူငယ်အဖွဲ့)

စစ်ကောင်စီတပ်သည် ယခင်ကလည်း နှမ်းခါးရွာကို အကြိမ်ကြိမ် ဝင်ရောက်ခဲ့ပြီး ၃ကြိမ်ထက်မနည်း ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။