Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့သံဖိုရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဟု CDF(KKG)​ပြော

ယမန့်​နေ့ မနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး​နောက် ရန်ကြီးအောင်ရွာကို ပြန်လည်ဆုတ်ခွာသွားသည်။

(CDF -KKG ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)
(CDF -KKG ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)

ကလေးမြို့နယ်၊ သံဖိုရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့​ကြောင်း CDF(KKG)က သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်၊ ရန်ကြီးအောင်ရွာတပ်စခန်းတွင်စစ်ကောင်စီတပ်သား ၁၃ ယောက်သည် နယ်လှည့်သွားလာရင်း သံဖိုကျေးရွာအနီးတွင်ချင်း​ဒေသကာကွယ်​ရေးတပ်-က​လေး-က​ဘော်-ဂန့်​​ဂေါ( CDF-KKG)တပ်များနှင့် သြဂုတ် ၂၂ ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန့်​နေ့ မနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး​နောက် ရန်ကြီးအောင်ရွာကို ပြန်လည်ဆုတ်ခွာသွားသည်။

ထိုနောက် စစ်ကောင်စီတပ်သားများနောက်တစ်ကြိမ် ထပ်မံလာရောက်ပြန်ရာ CDF(KKG) ၊CNDF(Vakok)၊CNDF(NA)၊ PDF(ကလေး)၊RKDFနှင့်ပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်သားတစ်ဦးထပ်မံသေဆုံးခဲ့သည်။ စစ်​ကောင်စီတပ်သားများ​သေဆုံး မှုနှင့်ပတ်သက်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

ယနေ့တိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ တစုံတရာထိခိုက်မှုမရှိကြောင်းလည်း CDF(KKG)ကအသိ​ပေးထားသည်။

တိုက်ပွဲအပြီးတွင်စစ်ကောင်စီတပ်ကကျေးရွာထဲသို့လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။