Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့သံဖိုရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဟု CDF(KKG)​ပြော

ယမန့်​နေ့ မနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး​နောက် ရန်ကြီးအောင်ရွာကို ပြန်လည်ဆုတ်ခွာသွားသည်။

(CDF -KKG ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)
(CDF -KKG ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်)

ကလေးမြို့နယ်၊ သံဖိုရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့​ကြောင်း CDF(KKG)က သတင်းထုတ်ပြန်သည်။

ကလေးမြို့နယ်၊ ရန်ကြီးအောင်ရွာတပ်စခန်းတွင်စစ်ကောင်စီတပ်သား ၁၃ ယောက်သည် နယ်လှည့်သွားလာရင်း သံဖိုကျေးရွာအနီးတွင်ချင်း​ဒေသကာကွယ်​ရေးတပ်-က​လေး-က​ဘော်-ဂန့်​​ဂေါ( CDF-KKG)တပ်များနှင့် သြဂုတ် ၂၂ ရက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန့်​နေ့ မနက် ၈နာရီခွဲမှ ၁၀နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး​နောက် ရန်ကြီးအောင်ရွာကို ပြန်လည်ဆုတ်ခွာသွားသည်။

ထိုနောက် စစ်ကောင်စီတပ်သားများနောက်တစ်ကြိမ် ထပ်မံလာရောက်ပြန်ရာ CDF(KKG) ၊CNDF(Vakok)၊CNDF(NA)၊ PDF(ကလေး)၊RKDFနှင့်ပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်သားတစ်ဦးထပ်မံသေဆုံးခဲ့သည်။ စစ်​ကောင်စီတပ်သားများ​သေဆုံး မှုနှင့်ပတ်သက်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

ယနေ့တိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်များဘက်မှ တစုံတရာထိခိုက်မှုမရှိကြောင်းလည်း CDF(KKG)ကအသိ​ပေးထားသည်။

တိုက်ပွဲအပြီးတွင်စစ်ကောင်စီတပ်ကကျေးရွာထဲသို့လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။