Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲ နှစ်ဆယ်ကျော်မှာ စစ်တပ်ဘက်က အယောက် ၆၀ လောက်သေတယ်လို့ KNU ဆို

စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်၊ ငွေ၊ ပစ္စည်းစတာတွေကို လုယက်ယူဆောင်တာတွေပြုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ နှစ်ဆယ်ကျော်မှာ စစ်တပ်ဘက်က အယောက် ၆၀ လောက်သေတယ်လို့ KNU ဆို
တိုက်ပွဲ နှစ်ဆယ်ကျော်မှာ စစ်တပ်ဘက်က အယောက် ၆၀ လောက်သေတယ်လို့ KNU ဆို

ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲမှာ လဝက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၃ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း(၂၀)ကျော်ဖြစ်ပွားခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အယောက်(၆၀) နီးပါး သေဆုံးကာ အဲ့ဒီသေဆုံးသူတွေထဲမှာ တပ်ရင်းမှူး၊ ဒုရင်းမှူးအဆင့်ရှိသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ(၁)ရက်ကနေ (၁၅)ရက်အတွင်း KNLA တပ်မဟာ ၃ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၅)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦး၊ ဒုရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ အရာခံဗိုလ်တစ်ဦးနဲ့ တပ်ကြပ်နှစ်ဦးအပါအဝင် စုစုပေါင်း(၅၇)ဦးသေဆုံးခဲ့ပြီး (၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်၊ အရပ်သားပြည်သူကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ (၄၅)ဦးကို ဖမ်းဆီးခြိမ်းခြောက်တာတွေလုပ်ဆောင်နေပြီး အဲ့ဒီအထဲက အရပ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့သလို

လူနေကျေးရွာတွေအပေါ် ကိုလည်း လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့လို့ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်၊ ငွေ၊ ပစ္စည်းစတာတွေကို လုယက်ယူဆောင်တာတွေပြုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

အခုလို ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေတာကြောင့် ခရိုင်အတွင်းရှိ လယ်ဒို၊ ဆောထိနဲ့ မူးမြို့နယ်အတွင်းက ပြည်သူလူထု(၆၁၈၉၈)ဦးဟာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပြီး စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ များစွာလိုအပ်လျက်ရှိနေသေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။