Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီမီးရှို့ခဲ့သည့် မူးကမ်းကြီးရွာသို့ အနီးဝန်းကျင်မှ စစ်ဘေး​ရှောင်များ တိမ်းရှောင်လာ

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နည်းမျိုးစုံ တုန့်ပြန်တိုက်ခိုက်နေသည်။

(စစ်ကောင်စီက မူးကမ်းကြီးရွာမီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံနှစ်ဦးက ပြာကျသွားသည့် ၎င်းတို့နေအိမ်ဝင်းအတွင်း ပစ္စည်းများ ရှာဖွေနေစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီက မူးကမ်းကြီးရွာမီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံနှစ်ဦးက ပြာကျသွားသည့် ၎င်းတို့နေအိမ်ဝင်းအတွင်း ပစ္စည်းများ ရှာဖွေနေစဥ်၊ ဓာတ်ပုံ - CJ)

စားဝတ်နေရေးအတွက် ဆိုးရွားစွာကြုံတွေ့နေဟုဆို

စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်သည့် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာသို့ အနီးဝန်းကျင်မှ စစ်ဘေး​ရှောင်များ ထပ်မံရောက်ရှိလာ၍ မူးကမ်းကြီးအပါအဝင်ကျေးရွာ ၁၀ရွာမှ ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲ ဆိုးရွားစွာကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

မူးကမ်းကြီးရွာကို စစ်ကောင်စီက သြဂုတ် ၁၀ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက်ပိုင်းတွင်စစ်ကောင်စီက ဘေးပတ်ဝန်းကျင်ရွာများကို ဆက်လက်စစ်ကြောင်းထိုးနေရာ စစ်ဘေးရှောင်သူဦးရေ များပြားလာခြင်းဖြစ်သည်။

” အရင်တုန်းကလည်း အဲ့လိုပြေးလာကြပေမယ့် အခုက ကျွန်တော်တို့ ရွာကိုယ်တိုင်က မီးဘေးသင့်နေတော့ အခြေအနေက အရမ်းဆိုးတယ်။ဖြစ်သလို လက်သင့်ခံထားရပြီး ကျွေးမွေးနေရတယ်”ဟု မူးကမ်းကြီးရွာ စစ်ဘေးရှောင်ကူညီရေးကော်မတီဝင်တစ်ဦးက ပြောသည်။

မူးကမ်းကြီးရွာသို့ ထန်းတောကုန်း၊ ဥသျှစ်ကုန်းရွာအပါအဝင် ကျေးရွာ ၁၀ရွာခန့်မှ လူဦးရေး တစ်ထောင်ကျော် လာရောက် တိမ်းရှောင်နေခြင်း ဖြစ်သည်။လူဦးရေ နှစ်ရာခန့်ခိုလှုံနေသော ကယ်ဆယ်ရေးစခန်းတစ်ခုတွင် တစ်ရက်လျှင် ဆန်သုံးတင်း ချက်ပေးနေရပြီး စုစုပေါင်း လူဦးရေး တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများလိုအပ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်အာဏာရှင်တော်လှန်ရေးအတွက် ကြိုးစားကြရင်း အခုလိုတွေ ရင်ဆိုင်နေကြတာ။ အားလုံးအတူတူဖြတ်ကျော်ချင်ပါတယ်။ ကျွန်တော်တို့ကိုလည်း နိုင်သလောက်လေး ဆက်သွယ်ကူညီပေးကြပါ” ဟု မူးကမ်းကြီးရွာ စစ်ဘေးရှောင်ကူညီရေးကော်မတီဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နည်းမျိုးစုံ တုန့်ပြန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။