Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ နှင့် ဘေးကင်းလုံခြုံရာ နေရာများတွင်သာနေထိုင်ပေးကြရန် မြို့နယ်စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့ သတိပေး

ယမန်နေ့ကလည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေရွာများသို့ အကြမ်းဖက်စစ်တပ်မှ လေယာဥ် လေးစီးဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံသူအချို့ရှိကာ ပိတ်မိနေသူအများအပြားရှိ ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

(ယခင်ရက်ပိုင်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသော ဒီပဲယင်းအရှေ့ခြမ်း ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများနှင့် နီးကပ်သော ကျေးရွာများအနီး ခိုလှုံခြင်း မပြုကြရန်နှင့် ဘေးကင်းလုံခြုံရာ နေရာများတွင်သာ နေထိုင်ပေးကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က ယနေ့(ဇူလိုင် ၁၅ ရက်) သတိပေးထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၅ ရက်)နံနက်ပိုင်းသတင်းများအရ ဒီပဲယင်းအရှေ့ခြမ်း၌ စစ်ကောင်စီ စစ်ကြောင်း တစ်ကြောင်းသည် မရကန်ရွာတွင် တပ်စွဲထားပြီး နောက်ထပ်စစ်ကြောင်းတစ်ကြောင်းလည်း နများရွာတွင် တပ်စွဲထားသည်ဟု ဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းများသည် နီးစပ်ရာကျေးရွာများသို့ မကြာခဏ ကင်းပတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိ သောကြောင့် စစ်ဘေးရှောင်ပြည်သူ များအနေဖြင့် စစ်ကြောင်းများနှင့် နီးကပ်ရာကျေးရွာများသို့ ပြန်ကပ်ခြင်းမပြုရန် အထူးမေတ္တာ ရပ်ခံသည်။

အလားတူ နီးစပ်ရာပြည်သူများအနေဖြင့် အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရ သော စစ်ဘေးရှောင်ပြည်သူများအားကူညီလက်ခံစောင့်ရှောက် ပေးရန်လည်း တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“အခု စစ်ထိုးလာတဲ့ စခ စစ်ကြောင်းတွေမှာ အင်အား ၂၀၀ ပတ်ချာလည်ရှိတယ်။ပြီးတော့ လက်နက်ကြီးတွေသုံးပြီးကို ရွာတွေထဲ ပစ်ဝင် နေတာ။ပြည်တွင်း၊ပြည်ပ က သူတွေအနေနဲ့လည်း တက်နိုင်တဲ့ ဘက်ကနေ ကူညီပေးကြပါ”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အရေးပေါ်စစ်ဘေးရှောင် များအတွက် ကူညီထောက်ပံ့နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများကြောင့် ခက်ခဲဒုက္ခရောက်နေကြရ သော စစ်ဘေးရှောင်ပြည်သူများအတွက် ပြည်တွင်းပြည်ပအလှူရှင်များ အနေဖြင့် ပါဝင်ကူညီပေးရန် မေတ္တာရပ်ခံသည်။

ယမန်နေ့ကလည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေရွာများသို့ အကြမ်းဖက်စစ်တပ်မှ လေယာဥ် လေးစီးဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံသူအချို့ရှိကာ ပိတ်မိနေသူအများအပြားရှိ ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒီပဲယင်းအရှေ့ခြမ်းရှိ မရကန်၊ညောင်လှ၊ဝဲကြီး၊သရက်တော၊သပြေသာ၊ရုံးသာ၊နများ နှင့် ယဉ်ကျေးစသည့် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ဒေသခံပြည်သူ သောင်းချီဘေး လွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။