Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာ သံဒင်း(၁၉)နှင့် (၂၀)ရပ်ကွက်မှ အုပ်ကြီးနှင့် ရာအိမ်မှူးများ၏ အမည်၊ နေရပ်လိပ်စာဖော်ပြသတိပေး

“စစ်ခွေးတွေ လက်အောက်မှ အမြန်ဆုံးနှုတ်ထွက်ကြရန်နှင့် အသေးစိတ်အချက်အလက်များအားလုံးရရှိပြီးဖြစ်ကြောင်း အသိပေးအပ်သည်”ဟု SPTUG က ဖော်ပြသည်။

ရွှေပြည်သာ သံဒင်း(၁၉)နှင့် (၂၀)ရပ်ကွက်မှ အုပ်ကြီးနှင့် ရာအိမ်မှူးများ၏ အမည်၊ နေရပ်လိပ်စာဖော်ပြသတိပေး
ရွှေပြည်သာ သံဒင်း(၁၉)နှင့် (၂၀)ရပ်ကွက်မှ အုပ်ကြီးနှင့် ရာအိမ်မှူးများ၏ အမည်၊ နေရပ်လိပ်စာဖော်ပြသတိပေး

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သံဒင်းအပိုင်(၁၉)နှင့် (၂၀)ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ အမြန်ဆုံးနှုတ်ထွက်ရန် နာမည်၊ နေရပ်လိပ်စာများဖော်ပြ၍ ရွှေပြည်သာ မြေအောင်တော်လှန်ရေးအဖွဲ့(SPTUG)က ယနေ့(သြဂုတ် ၂၅) ထပ်မံသတိပေးလိုက်သည်။

ရွှေပြည်သာမြေအောက်တော်လှန်ရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်သည့် အမည့်စာရင်းများတွင် (၁၉)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး စောထွန်း(လှိုင်ဖိနပ်ဆိုင်၊ သံဒင်းစျေး)၊ သီရိအရက်ဆိုင် (ရာအိမ်မှူး)၊ စိုးသိန်း(ခ)ပြောင်ကြီးနှင့် (၂၀)ရပ်ကွက်မှ ဒလန်ဟုဆိုသူ သံဒင်းမောင်နေအိမ်(သံဒင်းတံတားအဆင်း)၊ ပေါ်တော်မူလမ်းရှိ တုတ်၊ ဓားကိုင်ဆောင်သော လူငယ်များ(လူမိုက်အဖွဲ့ဟုဆိုသူများ)၊ ရာအိမ်မှူး ဝင်းမောင် စသည်တို့ ပါဝင်သည်။

“စစ်ခွေးတွေ လက်အောက်မှ အမြန်ဆုံးနှုတ်ထွက်ကြရန်နှင့် အသေးစိတ်အချက်အလက်များအားလုံးရရှိပြီးဖြစ်ကြောင်း အသိပေးအပ်သည်”ဟု SPTUG က ဖော်ပြသည်။

ယခုရက်ပိုင်းများတွင် ရွှေပြည်သာ(၁၉)သံဒင်းနှင့် (၂၀) သံဒင်းရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများသည် ရပ်ကွက်လူမိုက်များနှင့် လူငယ်များအားစုစောင်းကာ တုတ်၊ စားများကိုင်ဆောင်စေခြင်း၊ အရက်များတိုက်၍ ကင်းပတ်စေခြင်း၊ ရပ်ကွက်ရုံးများတွင် အစောင့်ချထားခြင်းတို့ကို စိတ်အားထက်သန်စွာလုပ်ဆောင်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အမည်စာရင်းပါပုဂ္ဂိုလ်များအနေဖြင့် ယခုလုပ်ရပ်များအား ရပ်တန်းကမရပ်ဘဲ ဆက်လက်လုပ်ဆောင်နေပါက SPTUGအဖွဲ့အနေဖြင့် နောက်ဆက်တွဲဖြစ်လာမည့် အခြေအနေများကို တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုမှာ အလုပ်သမား ၂ဦး သေဆုံးတယ်လို့ ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂက ထုတ်ပြန်ပါတယ်။