Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်၏ စစ်​သင်္ဘောများနှင့် ဆီသယ် ရေယာဥ်လုံခြုံရေးများကို တိုင်းသုံးတိုင်း PDF အဖွဲ့များ ပေါင်းတိုက်

၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PDF- Talokeက သတင်းထုတ်ပြန်သည်။

(ဇွန်လအတွင်းက အကြမ်းဖက်စစ်တပ်ရေယာဥ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်။ဓာတ်ပုံ - PDF - Taloke)
(ဇွန်လအတွင်းက အကြမ်းဖက်စစ်တပ်ရေယာဥ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့စဥ်။ဓာတ်ပုံ - PDF - Taloke)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်​သင်္ဘောများနှင့် ဆီသယ်ရေယာဥ်လုံခြုံရေးများအား တိုင်း သုံးတိုင်း PDFအဖွဲ့များက ပူးပေါင်းပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဒေသတွင်း PDFအဖွဲ့များက ထုတ်ပြန်သည်။

သြဂုတ် ၂၂ ရက် နံနက် ၁ဝ နာရီခန့်က ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ ဆီသယ်ရေယာဥ်အား လုံခြုံရေးပေးရန် လိုက်ပါလာသော အမြန်ရေယာဥ်အား မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိ ဒေသတွင်း PDF အဖွဲ့များက ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံး၍ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PDF- Talokeက သတင်းထုတ်ပြန်သည်။

ညနေ ၄ နာရီခန့်တွင်လည်း ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်သို့ ဆန်တက်လာသော စစ်​သင်္ဘောအကြီး သုံးစီးအား လိုက်လံပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီဘက်က (၆၀)မမ၊ (၄၀) မမတို့ဖြင့် ပြန်လည်ပစ်ခက်ခဲ့သဖြင့် စစ်ကောင်စီတပ် အကျအဆုံးမသိရသေးဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု PDF- Talokeက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား People Defense Force-Taloke(မြင်းခြံခရိုင်တပ်ရင်း၂)၊ MGN-RANGER(မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN-Tiger( မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN-21 မြင်းခြံခရိုင်တပ်ရင်း (၂)၊ မန္တ​လေးခရိုင် တပ်ရင်း ၃၊ ရေစကြို တပ်ရင်း(၂)၊ Wolf Brothers၊ Justic Revolution Force၊ YSO-ISA၊ MG6 ပြောက်ကျားတပ်ဖွဲ့၊ Myaung Fighter၊ Myingyan MGK ပြောက်ကျားတပ်ဖွဲ့၊ ရေလယ်ကျွန်းတပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး PDF Talokeအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။