Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် အစိုးရအဖွဲ့ဝင်များကို NUG ယာယီသမ္မတတိုက်တွန်း

“မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မှုများမှာ ယုံကြည်မှုပိုမိုတိုးတက်လာအောင်၊ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်းကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိုင်ရေး အားစိုက်ကာ နည်းလမ်းမှန်မှန်ဖြင့် လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်များကို တိုက်တွန်းသည်။

ယနေ့ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့ တိုက်တွန်းခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေးအမြန်အောင်မြင်ရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များ၏ အခန်းကဏ္ဍမှာ အထူးအရေးကြီးကြောင်း ယာယီသမ္မတက ထည့်သွင်းပြောကြားသည်။

“လာမယ့် စက်တင်ဘာလ ၇ ရက်နေ့က ပြည်သူ့ခုခံစစ် တော်လှန်ရေး D-Day ကို ကြေညာခဲ့တဲ့ တစ်နှစ်ပြည့် သမိုင်းမှာ မှတ်ကျောက်တင်မယ့် နေ့ရက်လည်းဖြစ်ပါတယ်။ ခုခံတော် လှန်စစ်ကြေညာခဲ့တဲ့ တစ်နှစ်တာကာလအတွင်း မိမိတို့အစိုးရနဲ့ တော်လှန်ရေးအင်အားစုများ အတွက် အံ့မခန်းအောင်မြင်မှုများ ရရှိခဲ့သလို ဝမ်းနည်းဖွယ် နစ်နာဆုံးရှုံးမှုများစွာလည်း ကြုံတွေ့ခဲ့ရပါ တယ်။ ပြည်သူလူထုအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဆိုးယုတ် အကြမ်းဖက်မှုများကို နေ့စဉ်နှင့်အမျှ တွေ့ကြုံခံစားနေကြရတာ တွေ့မြင်နေရပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။

တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် အစိုးရအဖွဲ့ဝင်များကို NUG ယာယီသမ္မတတိုက်တွန်း
တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် အစိုးရအဖွဲ့ဝင်များကို NUG ယာယီသမ္မတတိုက်တွန်း

တိုင်းပြည်တည်ဆောက်ရေးကဏ္ဍတွင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက် တွဲဆောင်ရွက်ရန် ကြိုးပမ်းနေပြီး NUG နှင့် အတူလက်တွဲချိတ်ဆက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်များရှိသကဲ့သို့ ဆက်လက်ကြိုးစားရမယ့် အဖွဲ့များလည်း ရှိနေသေးကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မှုများမှာ ယုံကြည်မှုပိုမိုတိုးတက်လာအောင်၊ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုတိုးတက်လာအောင် အစွမ်းကုန်ကြိုးပမ်းကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် CDMers များ၏ တိုင်းပြည်အတွက် စွန့်လွတ်အနစ်နာခံမှုသည် လွန်စွာကြီးမားသည့် ပေးဆပ်မှုဖြစ်ပြီး ၎င်းတို့ကို NUG အနေဖြင့် ကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်ရန် ယာယီသမ္မတက တိုက်တွန်းသည်။

အထက်ပါအစိုးရအဖွဲ့အစည်းအဝေးတွင် CDM Success Committee က CDM လုံခြုံရေး Taskforce လုပ်ငန်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေကိစ္စ၊ CDM ချီးမြှင့်ခြင်းနှင့်ပတ်သက်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးကိစ္စ၊ CDM များကို မတရားဖမ်းဆီးနှိပ်စက်နေသည့် Non CDM များကို တာဝန်ယူဖြေရှင်းရန် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ၎င်းတို့အစိုးရအဖွဲ့သည် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ကြိုးစားရင်း ပြည်သူများနှင့် အတူရုန်းကန်နေကြောင်း ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။