Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ

ပေါက်ကွဲမှုကြောင့် ဆိုင်ရှင် လင်မယား နဲ့ ဆိုင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရသွားကာ အမျိုးသမီးကြီး ၁ ဦးကတော့ ညာဘက်ခြေထောက်ပြတ်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ
အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ

မန္တလေး အမရပူမြို့နယ် ၊စာတော်ကျေးရွာအုပ်စုရဲ့ လိပ်ဆံဆင်းရပ်မှာရှိတဲ့ ဟန်သစ္စာယက်ကန်းအထည်ဆိုင်ဟာ မနေ့ကညပိုင်းက ဗုံးနဲ့ပစ်ခတ်ခံရလို့ ပေါက်ကွဲမှုဖြစ်ပြီး ၁ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပေါက်ကွဲမှုကြောင့် ဆိုင်ရှင် လင်မယား နဲ့ ဆိုင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရသွားကာ အမျိုးသမီးကြီး ၁ ဦးကတော့ ညာဘက်ခြေထောက်ပြတ်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စု ဘက်က သတင်းဖြန့်ရာမှာ မနေ့က စက်တင်ဘာလ ၇ ရက် ည ၇ နာရီ ၄၅ မိနစ်ကျော်က ဆိုင်ကယ်စီးအမျိုးသား ၂ ဦးဟာ လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ထွက်ပြေးသွားပြီး ဗုံးဟာ ဆိုင်ထဲကိုကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုထားကြပါတယ်။

မန္တလေးတိုင်း ၊မြစ်ငယ် MN PDF အမျိုးသမီးတပ်ဖွဲ့က ယက္ကန်းရုံဟာ PDF သတင်းတွေကို စစ်အုပ်စုနဲ့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ထံသတင်းပေးလို့တိုက်ခိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။