Connect with us

Hi, what are you looking for?

News

ဖအေကိုမတွေ့လို့ သားဖြစ်သူ ၇ တန်းကျောင်းသားကို ဓားစာခံအနေနဲ့ စစ်ကောင်စီဖမ်းဆီး

နိုဝင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ၇ တန်းကျောင်းသားအရွယ်သားဖြစ်သူကို ပြန်လွှတ်ပေးတာမရှိသေးပါဘူး။

People's Spring
People's Spring

မန္တလေး ၊ အမရပူရမြို့နယ်အတွင်းက ရေကြည်ပေါက်ကျေးရွာ မှာ NLD ပါတီဝင်ဦးဌေးအောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာဖမ်းရာမှာ မတွေ့လို့ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူကို ဓားစာခံအနေနဲ့ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ ၇ တန်းကျောင်းသားအရွယ်သားဖြစ်သူကို ပြန်လွှတ်ပေးတာမရှိသေးပါဘူး။

ဒါအပြင်စစ်ကောင်စီဟာ အမရပူမြို့နယ်အတွင်းက ကျေးရွာတွေမှာနေတဲ့ လူငယ် ၃ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးသွားတာရှိ ပြီး အဲဒီအထဲက ၁ ဦးသာ ပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။

အမရပူရမြို့နယ်အတွင်း က ကျေးရွာတွေမှာ CDM ဆရာ ၊ဆရာမတွေကျောင်းပြန်တက်ဖို့ ၊မတက်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်စာတွေ စုတ်ဖြဲခံရပြီးနောက် ကျေးရွာတွေမှာ စစ်ကောင်စီဟာ ဝင်မွှေနေတာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook