Connect with us

Hi, what are you looking for?

သတင်း

အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ

ပေါက်ကွဲမှုကြောင့် ဆိုင်ရှင် လင်မယား နဲ့ ဆိုင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရသွားကာ အမျိုးသမီးကြီး ၁ ဦးကတော့ ညာဘက်ခြေထောက်ပြတ်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ
အမရပူရ က ယက်ကန်းအထည်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရ

မန္တလေး အမရပူမြို့နယ် ၊စာတော်ကျေးရွာအုပ်စုရဲ့ လိပ်ဆံဆင်းရပ်မှာရှိတဲ့ ဟန်သစ္စာယက်ကန်းအထည်ဆိုင်ဟာ မနေ့ကညပိုင်းက ဗုံးနဲ့ပစ်ခတ်ခံရလို့ ပေါက်ကွဲမှုဖြစ်ပြီး ၁ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပေါက်ကွဲမှုကြောင့် ဆိုင်ရှင် လင်မယား နဲ့ ဆိုင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရသွားကာ အမျိုးသမီးကြီး ၁ ဦးကတော့ ညာဘက်ခြေထောက်ပြတ်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စု ဘက်က သတင်းဖြန့်ရာမှာ မနေ့က စက်တင်ဘာလ ၇ ရက် ည ၇ နာရီ ၄၅ မိနစ်ကျော်က ဆိုင်ကယ်စီးအမျိုးသား ၂ ဦးဟာ လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ထွက်ပြေးသွားပြီး ဗုံးဟာ ဆိုင်ထဲကိုကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုထားကြပါတယ်။

မန္တလေးတိုင်း ၊မြစ်ငယ် MN PDF အမျိုးသမီးတပ်ဖွဲ့က ယက္ကန်းရုံဟာ PDF သတင်းတွေကို စစ်အုပ်စုနဲ့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ထံသတင်းပေးလို့တိုက်ခိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။