Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်သပိတ်ကော်မတီဝင် လူငယ်နှစ်ဦး အကြမ်းဖက်ဖမ်းဆီးခံရ

ထား၀ယ်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ကာ တော်လှန်မှုအပေါ် သွေဖယ် အောင် ဆောင်ရွက်လျက်ရှိသည်။

(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)
(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် လူငယ်နှစ်ဦးဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့ကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ကြောင်း Dawei Youth Revolutionary Movement Strike Committe (DYRMSC)က ယနေ့ (စက်တင်ဘာ ၁၀) ထုတ်ပြန်သည်။

(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)
(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)

၎င်းတို့နှစ်ဦးမှာ ယမန်နေ့ (စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်) နှစ်ရက်အတွင်း ဆက်တိုက် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

“အောင်ကိုကိုလွင် အရင်အဖမ်းခံရတာပါ။ ၉ ရက်ညက လမ်းမှာ အဖမ်းခံရတာတဲ့။ ၁၀ ရက် မနက် ၆ နာရီ လောက်မှာတော့ ဟိန်းဇေအောင်ကို အိမ်မှာဝင်ပြီး ဖမ်းသွားကြတယ်။ လက်ရှိတော့ သူတို့အခြေအနေကို လိုက်စုံစမ်းနေပါတယ် ” DYRMSCဟု ပြောသည်။

ထား၀ယ်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ကာ တော်လှန်မှုအပေါ် သွေဖယ် အောင် ဆောင်ရွက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် မိဘပြည်သူများအနေဖြင့် စုစည်းညီညွတ်စွာ စစ်အာဏာရှင်စနစ်အား ဆက်လက်ဖီဆန်အံတုကြပါရန် DYRMSC က တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။