Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်သပိတ်ကော်မတီဝင် လူငယ်နှစ်ဦး အကြမ်းဖက်ဖမ်းဆီးခံရ

ထား၀ယ်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ကာ တော်လှန်မှုအပေါ် သွေဖယ် အောင် ဆောင်ရွက်လျက်ရှိသည်။

(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)
(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် လူငယ်နှစ်ဦးဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့ကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ကြောင်း Dawei Youth Revolutionary Movement Strike Committe (DYRMSC)က ယနေ့ (စက်တင်ဘာ ၁၀) ထုတ်ပြန်သည်။

(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)
(ဖမ်းဆီးခံရသည့် ကိုအောင်ကိုကိုလွင်နှင့် ကိုဟိန်းဇေအောင်တို့အား တွေ့ရစဉ်)

၎င်းတို့နှစ်ဦးမှာ ယမန်နေ့ (စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်) နှစ်ရက်အတွင်း ဆက်တိုက် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

“အောင်ကိုကိုလွင် အရင်အဖမ်းခံရတာပါ။ ၉ ရက်ညက လမ်းမှာ အဖမ်းခံရတာတဲ့။ ၁၀ ရက် မနက် ၆ နာရီ လောက်မှာတော့ ဟိန်းဇေအောင်ကို အိမ်မှာဝင်ပြီး ဖမ်းသွားကြတယ်။ လက်ရှိတော့ သူတို့အခြေအနေကို လိုက်စုံစမ်းနေပါတယ် ” DYRMSCဟု ပြောသည်။

ထား၀ယ်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ကာ တော်လှန်မှုအပေါ် သွေဖယ် အောင် ဆောင်ရွက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ထို့​ကြောင့် မိဘပြည်သူများအနေဖြင့် စုစည်းညီညွတ်စွာ စစ်အာဏာရှင်စနစ်အား ဆက်လက်ဖီဆန်အံတုကြပါရန် DYRMSC က တိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။