Connect with us

Hi, what are you looking for?

သတင်း

မီတာမဆောင်လို့ မန္တလေးမှာ ကျေးရွာအချို့ ရွာလုံးကျွတ်မီးဖြတ်ခံရ

မီးဖြတ်ခံထားရတဲ့ ရွာ ဟာ ၃ ရွာထက်မနည်းရှိပြီး ကွေ့ကြီးကုန်းကျေးရွာ ၊ ရေကြည်ရွာ နဲ့ အနီးတဝိုက် က ကျေးရွာအချို့ပါကြပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမန္တလေးမှာ မီးဖြတ်ဖို့ လုံခြုံရေးလိုက်ပါနေတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်
ပြီးခဲ့တဲ့ နှစ်အတွင်းမန္တလေးမှာ မီးဖြတ်ဖို့ လုံခြုံရေးလိုက်ပါနေတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးရွာအချို့ကို မီတာခမဆောင်လို့ စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးဖြတ်ထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

မီးဖြတ်ခံထားရတဲ့ ရွာ ဟာ ၃ ရွာထက်မနည်းရှိပြီး ကွေ့ကြီးကုန်းကျေးရွာ ၊ ရေကြည်ရွာ နဲ့ အနီးတဝိုက် က ကျေးရွာအချို့ပါကြပါတယ်။

ရွာကိုမီးပေးတဲ့ ထရန်စဖော်မာကနေ မီးဖြတ်လိုက်တာဖြစ်ပြီး မီးဖြတ်ခံရတာဟာ တပတ်လောက်ရှိနေပြီလို့ ဒေသခံတွေပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ စစ်အုပ်စု အခွန်ဝင်ငွေမရဖို့အတွက် လူထုဟာ မီတာမဆောင်ဘဲ အာဏာဖီဆန်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီအပေါ်ကို စစ်အုပ်စုက မီးဖြတ်တဲ့နည်းနဲ့ တုံ့ပြန်တာဖြစ်ပါတယ်။ မန္တလေးမြို့ပေါ်က မြို့နယ်တွေမှာ မီးဖြတ်ရာမှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူပေးခဲ့တာရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။