Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မီတာမဆောင်လို့ မန္တလေးမှာ ကျေးရွာအချို့ ရွာလုံးကျွတ်မီးဖြတ်ခံရ

မီးဖြတ်ခံထားရတဲ့ ရွာ ဟာ ၃ ရွာထက်မနည်းရှိပြီး ကွေ့ကြီးကုန်းကျေးရွာ ၊ ရေကြည်ရွာ နဲ့ အနီးတဝိုက် က ကျေးရွာအချို့ပါကြပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမန္တလေးမှာ မီးဖြတ်ဖို့ လုံခြုံရေးလိုက်ပါနေတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်
ပြီးခဲ့တဲ့ နှစ်အတွင်းမန္တလေးမှာ မီးဖြတ်ဖို့ လုံခြုံရေးလိုက်ပါနေတဲ့စစ်ကောင်စီတပ်သားတွေကိုတွေ့ရစဉ်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း ကျေးရွာအချို့ကို မီတာခမဆောင်လို့ စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးဖြတ်ထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

မီးဖြတ်ခံထားရတဲ့ ရွာ ဟာ ၃ ရွာထက်မနည်းရှိပြီး ကွေ့ကြီးကုန်းကျေးရွာ ၊ ရေကြည်ရွာ နဲ့ အနီးတဝိုက် က ကျေးရွာအချို့ပါကြပါတယ်။

Public Service Announcement

Public Service Announcement

ရွာကိုမီးပေးတဲ့ ထရန်စဖော်မာကနေ မီးဖြတ်လိုက်တာဖြစ်ပြီး မီးဖြတ်ခံရတာဟာ တပတ်လောက်ရှိနေပြီလို့ ဒေသခံတွေပြောကြပါတယ်။

စစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ စစ်အုပ်စု အခွန်ဝင်ငွေမရဖို့အတွက် လူထုဟာ မီတာမဆောင်ဘဲ အာဏာဖီဆန်ခဲ့ကြပါတယ်။

ဒီအပေါ်ကို စစ်အုပ်စုက မီးဖြတ်တဲ့နည်းနဲ့ တုံ့ပြန်တာဖြစ်ပါတယ်။ မန္တလေးမြို့ပေါ်က မြို့နယ်တွေမှာ မီးဖြတ်ရာမှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူပေးခဲ့တာရှိခဲ့ပါတယ်။