Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်ထဲ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ ဆို

ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာဘက်ကတော့ ရဲဘော်တစ်ဦးသေဆုံးခဲ့ပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားတဲ့စာရင်းကနေ သိရပါတယ်။

ဖာပွန်ခရိုင်ထဲ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ ဆို
ဖာပွန်ခရိုင်ထဲ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၅၀ ကျော်ကျဆုံးခဲ့တယ်လို့ ဆို

ဖာပွန်ခရိုင်ထဲမှာ ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပေါင်း(၆၀)ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ခွဲမှူးနဲ့ ဗိုလ်အဆင့်ရှိသူတွေအပါအဝင်(၅၁)ဦးသေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁)ရက်ကနေ (၁၅)ရက်အထိ မူတြော်ခရိုင်၊ ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာထိန်းချုပ်နယ်မြေအတွင်း တပ်မဟာ(၅)လက် အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပေါင်း(၆၈) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က(၅၁) ဦးသေဆုံးခဲ့ပြီး (၃၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူးနှစ်ဦးနဲ့ ဗိုလ်အဆင့်ရှိသူတစ်ဦး ပါဝင်ပြီး ဒဏ်ရာရရှိခဲ့သူတွေထဲမှာတော့ တပ်ရင်းမှူးတစ်ဦးနဲ့ ဒုတပ်ရင်းမှူးနှစ်ဦးပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာဘက်ကတော့ ရဲဘော်တစ်ဦးသေဆုံးခဲ့ပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားတဲ့စာရင်းကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စက်တင်ဘာလ(၇)ရက်က ဘူးသိုမြို့နယ်၊ ထီးသဒေါ့ထာ့ကျေးရွာအုပ်စု၊ တလာအောခို့ကျေးရွာသားတစ်ဦးကို နယ်ခြားစောင့်တပ်(BGF) အမှတ်(၁၀၁၄)တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့သလို စက်တင်ဘာ(၅)ရက်ကနေ (၇)ရက်နေ့အတွင်းကလည်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စက်တင်ဘာလ(၁)ရက်ကနေ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်က လက်နက်ကြီး(၃၂)လုံး ပစ်ချခဲ့တယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်က ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့