Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေမှာတစ်လအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အယောက် သုံးရာကျော်သေဆုံးခဲ့တယ်လို့ KNU ဆို

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက်(၄) ဦး အသက်စွန့်ခဲ့ရပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ကော်သူးလေမှာတစ်လအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အယောက် သုံးရာကျော်သေဆုံးခဲ့တယ်လို့ KNU ဆို
ကော်သူးလေမှာတစ်လအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အယောက် သုံးရာကျော်သေဆုံးခဲ့တယ်လို့ KNU ဆို

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ တစ်လတာအတွင်း KNLA KNDO တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် BGF တပ်တွေအကြား တိုက်ပွဲပေါင်းနှစ်ရာကျော်ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က အယောက်(၃၀၀)ကျော်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ တစ်လတာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ်(BGF)တပ်တွေအကြား နေ့စဉ် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကြားတိုက်ပွဲ စုစုပေါင်း (၂၆၂)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၃၃၃)ဦး သေဆုံးကာ (၂၆၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ တိုင်းပြည်နဲ့လူမျိုးအတွက်(၄) ဦး အသက်စွန့်ခဲ့ရပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်တွေက ပြည်သူလူထုနေထိုင်ရာကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့လုပ်ငန်းခွင်ထဲကို လက်နက်ကြီး(၃၇၃)လုံးပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေလုပ်ငန်းခွင်တွေအပေါ် တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြတဲတိုက်ခိုက်မှု (၁၂)ကြိမ်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို စစ်ကောင်စီတပ်ဘက်က ပြည်သူလူထုနေထိုင်ရာကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ(၉)ဦးသေဆုံးပြီး (၁၆)ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ပြည်သူလူထု(၉၇) ဦးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ခြိမ်းခြောက်စစ်ဆေးတာတွေ၊ ပေါ်တာအဖြစ်အသုံးပြုတာတွေနဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။