Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်တွင် လယ်ထွန်နေသူတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် အကြောင်းမဲ့သတ်ဖြတ်

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၉ရက် ညနေနှင့် ၂၀ရက် နံနက်ပိုင်းအချိန်များက ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသားနှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pale Entertainment
သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသားနှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pale Entertainment

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လယ်ထွန်နေသူတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၈ရက်က ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်အစပ်ရှိ ဝက်ခုတ်ကျေးရွာအနီး ရှောက်စူးတောတိုက်တွင် စိုက်ပျိုးရန် လယ်ထွန်နေသော အသက်(၄၂)နှစ်အရွယ် ဦးဖိုးဆယ်နှင့် အသက်(၂၄)နှစ်အရွယ် မောင်စိုးလင်းပိုင်တို့အား စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသားနှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pale Entertainment
သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသားနှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Pale Entertainment

“မြိုင်မြို့နယ်၊ပန်းစွာရွာဘက်မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကတွေ့ရှိပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။”ဟု ဒေသတွင်း Pale Entertainment က အသိပေးသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၉ရက် ညနေနှင့် ၂၀ရက် နံနက်ပိုင်းအချိန်များက ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook