Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို MRDA ကြားဖြတ်တိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မှုနေရာတွင် စစ်ကောင်စီတပ်သားအနည်းဆုံး ၆ဦးပြန်မထနိုင်တော့သည်ကို တွေ့ရှိခဲ့ရပြီး အများအပြား ထိခိုက်သွားကြောင်း ဖော်ပြသည်။

ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို MRDA ကြားဖြတ်တိုက်ခိုက်
ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို MRDA ကြားဖြတ်တိုက်ခိုက်

▪️စစ်ကောင်စီတပ်သား အနည်းဆုံးခုနစ်ဦးထိခိုက် သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံးခုနစ်ဦးထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ထုတ်ပြန် သည်။

ယနေ့(စက်တင်ဘာ ၂၁ ရက်)နံနက် ၉ နာရီ ၅၄မိနစ်ခန့်က ရေဦးမြို့မှ ထွက်ခွာလာသော စစ်ကောင်စီအဖွဲ့ကို မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ တပ်ခွဲဖြစ်သော ခင်ဦးအခြေစိုက် Spring Special Task Force (SSTF)အဖွဲ့မှ မိုင်းများသုံး၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုနေရာတွင် စစ်ကောင်စီတပ်သားအနည်းဆုံး ၆ဦးပြန်မထနိုင်တော့သည်ကို တွေ့ရှိခဲ့ရပြီး အများအပြား ထိခိုက်သွားကြောင်း ဖော်ပြသည်။

ထို့အပြင် နောက်ဆက်တွဲသတင်းများအရ ဆေးရုံတွင်လည်း စစ်ကောင်စီတပ်သားတစ်ဦးထပ်မံသေဆုံးသွားကြောင်း MRDAက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သရက်ပင်စုရွာဘက်ကနေ စခ အင်အား ၅၀ ကျော် လောက် ခြေလျင်လျှောက်လာတဲ့အချိန် တိုက်ခိုက်ခဲ့တာ။နေ့လည်ပိုင်းကျတော့ မြင်းဒေါင်းစာသင် ကျောင်းထဲကို ဗုံးသီးနှစ်လုံးပစ်ချခဲ့တာ”ဟု MRDA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် လူအင်အား၊လက်နက်အင်အားမမျှတမှုကြောင့် ပစ္စည်းကောက်ယူရန်အခွင့်မသာခဲ့ဟု ဆိုသည်။

မစ်ရှင်လုပ်ဆောင်ခဲ့သော ပြည်သူ့ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း MRDAက ပြောသည်။

အလားတူ ယနေ့ နေ့ခင်းပိုင်း ၂ နာရီခွဲခန့်တွင်လည်း ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းအတွင်း ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို SSTF (M.R.D.A / ခင်ဦး)အဖွဲ့မှ ဒရုန်းဖြင့် လက်လုပ်များ၊ အီနာဂါများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုကို မသိရသေးပေ။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ် တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ၊ ခင်ဦး၊ မုံရွာ နှင့် ပေါက်စသည့်မြို့နယ် များထိ စစ်ရေးလှုပ်ရှားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။