Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို MRDA ကြားဖြတ်တိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မှုနေရာတွင် စစ်ကောင်စီတပ်သားအနည်းဆုံး ၆ဦးပြန်မထနိုင်တော့သည်ကို တွေ့ရှိခဲ့ရပြီး အများအပြား ထိခိုက်သွားကြောင်း ဖော်ပြသည်။

ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို MRDA ကြားဖြတ်တိုက်ခိုက်
ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို MRDA ကြားဖြတ်တိုက်ခိုက်

▪️စစ်ကောင်စီတပ်သား အနည်းဆုံးခုနစ်ဦးထိခိုက် သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံးခုနစ်ဦးထိခိုက်သေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ထုတ်ပြန် သည်။

ယနေ့(စက်တင်ဘာ ၂၁ ရက်)နံနက် ၉ နာရီ ၅၄မိနစ်ခန့်က ရေဦးမြို့မှ ထွက်ခွာလာသော စစ်ကောင်စီအဖွဲ့ကို မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ တပ်ခွဲဖြစ်သော ခင်ဦးအခြေစိုက် Spring Special Task Force (SSTF)အဖွဲ့မှ မိုင်းများသုံး၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုနေရာတွင် စစ်ကောင်စီတပ်သားအနည်းဆုံး ၆ဦးပြန်မထနိုင်တော့သည်ကို တွေ့ရှိခဲ့ရပြီး အများအပြား ထိခိုက်သွားကြောင်း ဖော်ပြသည်။

ထို့အပြင် နောက်ဆက်တွဲသတင်းများအရ ဆေးရုံတွင်လည်း စစ်ကောင်စီတပ်သားတစ်ဦးထပ်မံသေဆုံးသွားကြောင်း MRDAက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သရက်ပင်စုရွာဘက်ကနေ စခ အင်အား ၅၀ ကျော် လောက် ခြေလျင်လျှောက်လာတဲ့အချိန် တိုက်ခိုက်ခဲ့တာ။နေ့လည်ပိုင်းကျတော့ မြင်းဒေါင်းစာသင် ကျောင်းထဲကို ဗုံးသီးနှစ်လုံးပစ်ချခဲ့တာ”ဟု MRDA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် လူအင်အား၊လက်နက်အင်အားမမျှတမှုကြောင့် ပစ္စည်းကောက်ယူရန်အခွင့်မသာခဲ့ဟု ဆိုသည်။

မစ်ရှင်လုပ်ဆောင်ခဲ့သော ပြည်သူ့ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း MRDAက ပြောသည်။

အလားတူ ယနေ့ နေ့ခင်းပိုင်း ၂ နာရီခွဲခန့်တွင်လည်း ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ စာသင်ကျောင်းအတွင်း ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို SSTF (M.R.D.A / ခင်ဦး)အဖွဲ့မှ ဒရုန်းဖြင့် လက်လုပ်များ၊ အီနာဂါများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုကို မသိရသေးပေ။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ် တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ၊ ခင်ဦး၊ မုံရွာ နှင့် ပေါက်စသည့်မြို့နယ် များထိ စစ်ရေးလှုပ်ရှားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။