Connect with us

Hi, what are you looking for?

သတင်း

နဘက်ရွာတိုက်ပွဲ ကျဆုံးခဲ့သည့် ရဲဘော်ထက်ကြီး၏ စျာပနာကို မြောင်နယ်ရှိတော်လှန်ရေးအင်အားစုများ စုပေါင်းပြုလုပ်

စစ်ကောင်စီစစ်ကြောင်းသည် နဘက်ရွာအပြင် ဖွားစော၊ဆွဲလဲအိုနှင့် ကင်းကျေးရွာတို့ကိုလည်း စစ်ကြောင်းထိုးနေ၍ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရသည်။

ဓာတ်ပုံ - Ko Nway Oo(Myaung)
ဓာတ်ပုံ - Ko Nway Oo(Myaung)

▪️ကျဆုံးရဲဘော်မှာ သီတင်းကျွတ်တွင် လက်ထပ်ရန် ပြင်ဆင်ထားပြီးဟုဆို

မြောင်မြို့နယ် နဘက်ကျေးရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ထက်ကြီး(ခ)ထက်ဝေအောင်၏ စျာပနာကို မြောင်နယ်ရှိတော်လှန်ရေးအင်အားစုများအားလုံးစုပေါင်းကာ ယနေ့ ပြုလုပ်ခဲ့ကြသည်။

နဘက်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၂၃ရက်)က စစ်ကြောင်းထိုးလာစဥ် ပြည်သူများဘေးကင်းစေရေး စစ်ကောင်စီလမ်းကြောင်းကို ကင်းထောက်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်ထက်ကြီးသည် သေနတ်ကျည်ထိမှန်ပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။

“ရဲဘော်ထက်ကြီးကြောင့်ပြည်သူတွေ အန္တရာယ်အများကြီး ကင်းခဲ့တယ်။ သူက ရဲရဲဝံ့ဝံ့နဲ့ ရှေ့တန်းအထိတက်ပြီး ကင်းထောက်ခဲ့တာ။ ကျဆုံးသွားတာ အရမ်းဝမ်းနည်းရတယ်”ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ရဲဘော်ထက်ကြီးဟာ အသားဖြူ ရုပ်ရည်သန့်ပြီး စိတ်သဘောထားနူးညံ့ကာ ကူညီရိုင်းပင်းစိတ်ရှိသူတစ်ဦးပါ။ လာမည့် သီတင်းကျွတ်လမှာ နွေဦးရောင်နီဆေးအဖွဲ့မှ သူနာပြုမလေး စင်သီယာနဲ့ မင်္ဂလာ ဆောင်ဖို့ နှစ်ဖက်မိဘများရှေ့မှာ ဗိုလ်တောက်ထွန်း၊ကိုတိုက်ဂါးနဲ့ ကျွန်တော် ကိုနွေဦးတို့က သွားရောက်ပြီး စေ့စပ်ပွဲလည်းလုပ်ပေးခဲ့ကြပါတယ်။ သူတို့စုံတွဲလေးဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီး တော်လှန်ရေးခရီးကြမ်းကို တက်ညီလက်ညီနဲ့ ကိုကျွမ်းကျင်ရာဖြင့် တော်လှန်နေကြသူတွေမို့ အလွန်လေးစားခဲ့ရသူတွေပါ။ ခုတော့ ရဲဘော်ဟာ ကိုယ်ပိုင်အိပ်မက်တွေကိုလွတ်ချကာ နိုင်ငံတော်ကိုဖျက်ဆီးနေတဲ့ စစ်မိစ္ဆာတွေကိုတော်လှန်ရင်း တာဝန်ကျေပွန်စွာနဲ့ ထွက်ခွာသွားခဲ့ပါပြီ။”ဟု CDSOMအဖွဲ့ဝင် ကိုနွေဦး-မြောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(စက်တင်ဘာ ၂၄ရက်)တွင် စစ်ကောင်စီစစ် ကြောင်း၏ အန္တရာယ်အပါအဝင် အခက်အခဲများစွာရှိသော်လည်း ရဲဘော်ထက်ကြီး၏ စျာပနအား မြောင်နယ်ရှိတော်လှန်ရေး အင်အားစုများအားလုံးစုပေါင်းကာ အလေးပြု အခမ်းအနားအောင် မြင်စွာ ပြုလုပ်ခဲ့ကြသည်ဟု တော်လှန်ရေးအင် အားစုများက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် နဘက်ရွာအပြင် ဖွားစော၊ဆွဲလဲအိုနှင့် ကင်းကျေးရွာတို့ကိုလည်း စစ်ကြောင်းထိုးနေ၍ ဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရသည်။

မြောင်မြို့နယ်တွင် ရောက်ရှိနေသော စစ်ကြောင်းတိုင်းသည် ညအမှောင်နှင့် အိပ်မောကျချိန်ကိုအကာအကွယ်ယူကာ အရိပ့်မဲ့စစ်ကြောင်းထိုးခြင်း ပြုလုပ်နေ၍ စစ်ဘေးရှောင်များအနေဖြင့် တောထဲနေခြင်း၊ နှစ်ရွာကြားများတွင် နေထိုင်ခြင်းများကို ရှောင်ရှားကြရန်လည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။