Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်​တော်လှန်​ရေးမှာပါဝင်​နေတဲ့ တိုင်းဝန်ကြီး ချုပ်​ဟောင်းမန်း​ဂျော်နီ

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ နာယက ဖြစ်တဲ့ မန်း​ဂျော်နီဟာ ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန်ကို ၂ နှစ်​​လောက်တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်ပါတယ်။

ဓါတ်ပုံ - ​ဒေါကလူကွန်ရက်

ဧရာဝတီတိုင်းဝန်ကြီးချုပ်​ဟောင်း မန်​ဂျောနီ ယူနီ​ဖောင်းအပြည့်နဲ့ လက်နက်ကိုင်ထားတဲ့ ဓါတ်ပုံတစ်ပုံကို ​ဒေါက​လူကွန်ရက်က​နေ ဒီ​နေ့ ​ဖေ့စ်ဘွတ်ခ်မှာ တင်လိုက်ပါတယ်။

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ နာယက ဖြစ်တဲ့ မန်း​ဂျော်နီဟာ ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန်ကို ၂ နှစ်​​လောက်တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်ပါတယ်။

ဒေါကလူကွန်ရက်က “သူ့ကိုသိကြလား။ NLDနဲ့အတူတသက်လုံးအခါးတလှည့်အချိုတလှည့် ပေးဆပ်ဖြတ်သန်းလာခဲ့ပြီး ဧရာဝတီတိုင်း၏ဝန်ကြီးချုပ်တစ်ဦးအဆင့်အထိ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သည်။ လက်နက်အားကိုးအာဏာရှင်ကြီးစိုးတဲ့ဒီနိုင်ငံမှာ ဒီမိုကရေစီအစစ်အမှန်အတွက် သေနတ်ကိုင်ရမှဖြစ်မယ့်အခြေ အနေမို့ မန်းတစ်ယောက် ကရင်လူမျိုးပီပီ ကရင့်တော် လှန်ရေးမှာ ကိုယ်တိုင်ပါဝင်နေခဲ့ပါပြီ။ မန်းကိုချစ်ခင်အားပေးတဲ့သူများ အမှတ်တရစကားလေးတစ်ခွန်းပြောခဲ့ပါအုံး”လို့ ​ရေးထားပါတယ်။

ဓါတ်ပုံထဲမှာ KNU ဝတ်စုံအပြည့်နဲ့ လက်နက်ကိုင်ထားတဲ့ မန်​ဂျော်နီဟာအသက် ၈၀ ရှိ​​နေ​ပေမယ့် ကျန်းမာ​ရေး​ကောင်းမွန်​နေပုံ​ပေါ်လွင်​နေပါတယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ်​ဟောင်းဟာ လွှတ်​တော်တက်ခဲ့စဥ်က စည်ပင်ရိပ်သာမှာ ခြင်းခတ်​လေ့ရှိသလို ၊ဝန်ကြီးချုပ်တာဝန်ထမ်း​ဆောင်စဥ်ကလည်း ​ဘောလုံးကန်ခဲ့​သေးကာ အားကစားလိုက်စားပြီး ကျန်းမာ​ရေး​ကောင်းမွန်သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ