Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ထောင် ၃ နှစ်စီချ

ဖမ်းခံရပြီးနောက်စစ်ဆေးရာမှာ လက်တော့ထဲမှာ မြန်မာပြည်စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုပြီး အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ထောင် ၃ နှစ်စီချ
ဒေါ်အောင်ဆန်းစုကြည်နဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ထောင် ၃ နှစ်စီချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေးရှောင်တာနယ်လ်တို့ကို ဒီနေ့ နေပြည်တော်ထောင်တွင်းတရားရုံးက အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။

ရှောင်တာနယ်လ်နဲ့အမှုတွဲတွေဖြစ်တဲ့ NLD စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ စီးပွားရေးဝန်ကြီး ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဒေါက်တာဆက်အောင်တို့ကိုလည်း ဒီနေ့တရားခွင်မှာ ထောင် ၃ နှစ်စီ တပါတည်းချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

အာဏာသိမ်းပြီးနောက် သြစတြေလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်လ်ကို ရန်ကုန်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

ဖမ်းခံရပြီးနောက်စစ်ဆေးရာမှာ လက်တော့ထဲမှာ မြန်မာပြည်စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုပြီး အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမှုတွဲတွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊NLD စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ စီးပွားရေးဝန်ကြီး ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ကိုပါ စစ်ကောင်စီက တရားစွဲဆိုခဲ့တာပါ။

ရှောင်တာနယ်လ်ကို ပြန်လွှတ်ဖို့ သြစတြေးလျ အစိုးရ က စစ်ကောင်စီကို တိုက်ရိုက်တောင်းဆိုထားတာတွေရှိပါတယ်။

ဒါအပြင ်မြန်မာနိုင်ငံကိုလာခဲ့တဲ့ အာဆီယံ ဥက္ကဋ္ဌ ဟွန်ဆန် ၊ ကုလကိုယ်စားလှယ် နော်လင်းဟေဇာတို့ဆီကတဆင့်လည်းတောင်းဆိုခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။