Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ထောင် ၃ နှစ်စီချ

ဖမ်းခံရပြီးနောက်စစ်ဆေးရာမှာ လက်တော့ထဲမှာ မြန်မာပြည်စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုပြီး အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ထောင် ၃ နှစ်စီချ
ဒေါ်အောင်ဆန်းစုကြည်နဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ထောင် ၃ နှစ်စီချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေးရှောင်တာနယ်လ်တို့ကို ဒီနေ့ နေပြည်တော်ထောင်တွင်းတရားရုံးက အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။

ရှောင်တာနယ်လ်နဲ့အမှုတွဲတွေဖြစ်တဲ့ NLD စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ စီးပွားရေးဝန်ကြီး ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဒေါက်တာဆက်အောင်တို့ကိုလည်း ဒီနေ့တရားခွင်မှာ ထောင် ၃ နှစ်စီ တပါတည်းချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

အာဏာသိမ်းပြီးနောက် သြစတြေလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်လ်ကို ရန်ကုန်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

ဖမ်းခံရပြီးနောက်စစ်ဆေးရာမှာ လက်တော့ထဲမှာ မြန်မာပြည်စီးပွားရေးအချက်အလက်တွေ တွေ့ရတယ်ဆိုပြီး အစိုးရလျှို့ဝှက်အက်ဥပဒေနဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမှုတွဲတွေအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊NLD စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်ဝင်း ၊ စီးပွားရေးဝန်ကြီး ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ကိုပါ စစ်ကောင်စီက တရားစွဲဆိုခဲ့တာပါ။

ရှောင်တာနယ်လ်ကို ပြန်လွှတ်ဖို့ သြစတြေးလျ အစိုးရ က စစ်ကောင်စီကို တိုက်ရိုက်တောင်းဆိုထားတာတွေရှိပါတယ်။

ဒါအပြင ်မြန်မာနိုင်ငံကိုလာခဲ့တဲ့ အာဆီယံ ဥက္ကဋ္ဌ ဟွန်ဆန် ၊ ကုလကိုယ်စားလှယ် နော်လင်းဟေဇာတို့ဆီကတဆင့်လည်းတောင်းဆိုခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။