Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မော်ကျွန်းမြို့မှ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း

“(သေနတ်ဖြင့်)လေးချက် ပစ်ခတ်ခဲ့ပါတယ်။ မော်ကျွန်း (၁၂)လမ်းက ဆာဝါဒီလက်ဘက်ရည်ဆိုင်ထဲမှာပါ”ဟု ဧရာဝတီလင်းပိုင် PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် မော်ကျွန်းမြို့မှ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် မော်ကျွန်းမြို့မှ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း

ဧရာဝတီတိုင်းစစ်ဒေသခွဲ၏ ‘နန်းထိုက်အောင်စစ်ဆင်ရေး‘အဖြစ် မော်ကျွန်းမြို့မှ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဧရာဝတီလင်းပိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယနေ့ (အောက်တိုဘာ ၅ ရက်) ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီမှ လက်နက်တပ်ဆက်ပေးထားသည့် ပျူစောထီးခေါင်းဆောင်နှင့် ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ ခင်မောင်ကြည်အား မော်ကျွန်းမြို့ပေါ်တွင် ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် မော်ကျွန်းမြို့မှ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မော်ကျွန်းမြို့မှ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း

“(သေနတ်ဖြင့်)လေးချက် ပစ်ခတ်ခဲ့ပါတယ်။ မော်ကျွန်း (၁၂)လမ်းက ဆာဝါဒီလက်ဘက်ရည်ဆိုင်ထဲမှာပါ”ဟု ဧရာဝတီလင်းပိုင် PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ဧရာဝတီလင်းပိုင် PDF နှင့်အတူ ဘိုကလေး PDF၊ မော်ကျွန်း (ပကဖ)စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ၎င်းရဲဘော်က အသိပေးသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီလင်းပိုင် PDF နှင့် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီထောက်တိုင် ဒလန်များ၊ စစ်အုပ်ချုပ် ရေးများ၊ စီးပွားရေး ထောက်တိုင် များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပါသဖြင့် ၎င်းနှင့်ပတ်သက်သော နေရာများအား ရှောင်ကြည်သွားလာကြရန် ပြည်သူများအား မေတ္တာရပ်ခံ အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။