Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်

“လူကိုပဲ ထိတာ။ ကားကတော့ နည်းနည်းပဲထိတယ်။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာရှိပေမယ့် အပြန်အလှန် ပစ်ခတ်တာမရှိခဲ့ဘူး”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပုလောမြို့နယ်
ပုလောမြို့နယ်

ယာဥ်အနည်းငယ်ထိပြီး ပျူစောထီးတစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကောင်စီတပ် ယာဥ်နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်အနည်းငယ်ထိပြီး ပျူစောထီးတစ်ဦးဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ပြောသည်။

ယနေ့(စက်တင်ဘာ ၃၀)နေ့လယ် ၁၂ နာရီ ၂၅မိနစ်ခန့်က ပုလောမြို့နယ် ထမင်းမစားကျေးရွာနှင့် နန်းပရုပ်ကျေးရွာ အကြားတွင် သရက်ချောင်းမြို့ဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်မှ ယာဥ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁)က ပြောသည်။

Public Service Announcement
Public Service Announcement

“လူကိုပဲ ထိတာ။ ကားကတော့ နည်းနည်းပဲထိတယ်။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာရှိပေမယ့် အပြန်အလှန် ပစ်ခတ်တာမရှိခဲ့ဘူး”ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ကားပေါ်တွင်ပါလာသည့် ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ်(၂) လမ်းပိုင်းမှာ စစ်ကား ၁စီး မိုင်းထိပြီး သေဆုံးသူများနိုင်တယ်လို့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook