Connect with us

Hi, what are you looking for?

LuduNwayOo

News

CDMဝန်ထမ်းများကိုဖိနှိပ်သည့်ဝန်ထမ်း ၆၁ဦးကို NUG အစိုးရက အမည်ပျက်စာရင်းသွင်းပြီး ထုတ်ပယ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်စေရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

အကြမ်းမဖက်အာဏာဖီဆန် ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်နေသည့် နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများကို ဖိနှိပ်နေသည့် ဝန်ထမ်း ၆၁ဦးကို အမည်ပျက်စာရင်း သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဝန်ကြီးဌာန၏ ဩဂုတ် ၂၉ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြေညာစာတွင် ထုတ်ပစ်လိုက်သည့် ဝန်ထမ်း ၆၁ဦး၏ အမည်စာရင်း၊ ရာထူး၊ ဌာနအဖွဲ့အစည်း တို့ကို ဖော်ပြခဲ့သည်။

အဆိုပါ ဝန်ထမ်း ၆၁ ဦးသည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည့်အပြင် CDM ဝန်ထမ်းများကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးကထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ၊ တရားစွဲဆိုခြင်း နှင့် အမျိုးမျိုးသော ဖိနှိပ်မှုမျးကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်စေရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။