Connect with us

Hi, what are you looking for?

သတင်း

NUGအစိုးရ လုပ်နိုင်စွမ်းကို နိုင်ငံတကာက အသိအမှတ်ပြုမှုများရှိလာဟု ဝန်ကြီးချုပ်ပြော

သို့သော်လည်း မူဝါဒပိုင်းဆိုင်ကိစ္စရပ်များ ပြတ်သားစွာချမှတ်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က တိုက်တွန်းသည်။

(NUG အစိုးရအား ​ထောက်ခံ​ကြောင်း မြင်းခြံမြို့ခံအချို့က ဧရာဝတီမြစ်တစ်​နေရာတွင် ဆန္ဒပြ​နေသည်ကို ၂၀၂၁​မေလ ၇ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(NUG အစိုးရအား ​ထောက်ခံ​ကြောင်း မြင်းခြံမြို့ခံအချို့က ဧရာဝတီမြစ်တစ်​နေရာတွင် ဆန္ဒပြ​နေသည်ကို ၂၀၂၁​မေလ ၇ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လုပ်နိုင်စွမ်းကို နိုင်ငံတကာက သိရှိကာ အသိအမှတ်ပြုမှုများရှိလာကြောင်း ၀န်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့ကျင်းပသည့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် NUG ပြည်ထောင်စု၀န်ကြီးချုပ်က ထည့်သွင်းပြောကြားကာ NUG အစိုးရ အဖွဲ့ဝင်များ၏ စွမ်းဆောင်ချက်များက တော်လှန်ရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၏ ကနဦး တာဝန်ပေးအပ်မှုအပိုင်းတွင် အလျင်စလို ဆောင်ရွက်ခဲ့မှုများကြောင့် မူဝါဒပိုင်းဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပြီး အထူးသဖြင့် ပအဖ၊ပကဖ၊ပလဖ များအကြား ပွတ်တိုက်မှုများသည် မြို့နယ်တိုင်းတွင် ပုံစံမျိုးစုံနှင့် ဖြစ်ပေါ်လာနေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့ကြောင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများအနေဖြင့် ယင်းပွတ်တိုက်မှုများကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်ပေးမှသာ ပဋိပက္ခများနည်းပါးလာမည်ဖြစ်ကာ ယခုတွင် ခရိုင်အဆင့် ပအဖများလည်း တိုးချဲ့ဖွဲ့စည်းလာနေသည်နှင့်အမျှ ပဋိပက္ခများကိုလည်းအဆင့်ဆင့်ဖြေရှင်းဆောင်ရွက်နိုင်တော့မည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း မူဝါဒပိုင်းဆိုင်ကိစ္စရပ်များ ပြတ်သားစွာချမှတ်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က တိုက်တွန်းသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ နယ်မြေထိန်းချုပ်လာနိုင်မှု လျော့နည်းလာသည်နှင့်အမျှ ကြွက်မနိုင် ကျီမီးရှို့သည့် လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာမှုကြောင့် အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးမှု ဖြစ်ပေါ်နေကြောင်းလည်း NUG ဝန်ကြီးချုပ်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။