Connect with us

Hi, what are you looking for?

သတင်း

ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့သည့် အရာတော်(ပကဖ)ရဲဘော်နှစ်ဦး၏ စျာပန

ဗိုလ်လောင်ချာနှင့် ရဲဘော်ဝင်းဇော်တို့၏ ရုပ်အလောင်းများကို ပြန်လည် မသယ်ယူနိုင်ခဲ့သဖြင့် အရိုးပြာဖြင့်သာ ဈာပနအခမ်းအနားပြုလုပ်ပြီး ရပ်ရွာပြည်သူလူထုနှင့် တပ်ဖွဲ့ရဲဘော်များက အလေးပြုနှုတ်ဆက်ခဲ့သည်ဟု အရုတော်ပို့စ်က ဖော်ပြသည်။

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတ​ပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည့် အရာတော် (ပကဖ)တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး၏ စျာပနာအား ဒေသခံပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာ၆ ရက်)က အရာဝောာ် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပက)၏ တပ်ဖွဲ့မှူးတစ်ဦးဖြစ်သည့် ဗိုလ်လောင် ချာနှင့် တပ်ဖွဲ့ဝင် ရဲဘော်ဝင်းဇော်တို့၏ စျာပနအား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပကဖအဖွဲ့ဝင်ရဲဘော်များအပြင် ပြည်သူများကလည်း လိုက်ပါပို့ဆောင်ခဲ့ကြသည်။

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

ကျဆုံးခဲ့သည့် ဗိုလ်လောင်ချာနှင့် တပ်ဖွဲ့ဝင် ရဲဘော်ဝင်းဇော်တို့သည် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ထိုးစစ်ဆင်ခံရသည့်နေ့က အကူအညီပေးရန် စစ်ရေးကင်းထောက်လမ်းကြောင်းတစ်ခုသွားရင်း စစ်ကောင်စီကင်းပုန်းများ၏ ပိတ်ဆို့ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့များက နှိပ်စက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း အရာတော်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

ဗိုလ်လောင်ချာနှင့် ရဲဘော်ဝင်းဇော်တို့၏ ရုပ်အလောင်းများကို ပြန်လည် မသယ်ယူနိုင်ခဲ့သဖြင့် အရိုးပြာဖြင့်သာ ဈာပနအခမ်းအနားပြုလုပ်ပြီး ရပ်ရွာပြည်သူလူထုနှင့် တပ်ဖွဲ့ရဲဘော်များက အလေးပြုနှုတ်ဆက်ခဲ့သည်ဟု အရုတော်ပို့စ်က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တာဝန်ခံတစ်ဦးက “ဗိုလ်လောင်ချာက မဟာမိတ်တွေနဲ့လည်း အဆင်ပြေပြီး စည်းရုံးရေးကောင်းတဲ့ ခေါင်းဆောင်တစ်ဦးပါ။ အပေါင်းအသင်းဆံ့ပြီး အရာတော်မြို့နယ်ရဲ့ သတင်းကင်းထောက်ပိုင်းမှာရော ခေါင်းဆောင်မှုပိုင်းမှာပါ တကယ်တော်တဲ့ တပ်ဖွဲ့မှူးတစ်ယောက်ဖြစ်ပါတယ်ခင်ဗျ။ လုံးဝစိတ်မကောင်းပါဘူး။”ဟု ပြောကြားသည်။

နှစ်ဦးလုံး လူလတ်ပိုင်းအရွယ်များဖြစ်ပြီးဗိုလ်လောင်ချာတွင် သားသမီးများအပါအဝင် မိသားစုဝင် ၈ ဦး ကျန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။