Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့သည့် အရာတော်(ပကဖ)ရဲဘော်နှစ်ဦး၏ စျာပန

ဗိုလ်လောင်ချာနှင့် ရဲဘော်ဝင်းဇော်တို့၏ ရုပ်အလောင်းများကို ပြန်လည် မသယ်ယူနိုင်ခဲ့သဖြင့် အရိုးပြာဖြင့်သာ ဈာပနအခမ်းအနားပြုလုပ်ပြီး ရပ်ရွာပြည်သူလူထုနှင့် တပ်ဖွဲ့ရဲဘော်များက အလေးပြုနှုတ်ဆက်ခဲ့သည်ဟု အရုတော်ပို့စ်က ဖော်ပြသည်။

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတ​ပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည့် အရာတော် (ပကဖ)တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး၏ စျာပနာအား ဒေသခံပြည်သူအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယမန်နေ့ (အောက်တိုဘာ၆ ရက်)က အရာဝောာ် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပက)၏ တပ်ဖွဲ့မှူးတစ်ဦးဖြစ်သည့် ဗိုလ်လောင် ချာနှင့် တပ်ဖွဲ့ဝင် ရဲဘော်ဝင်းဇော်တို့၏ စျာပနအား ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပကဖအဖွဲ့ဝင်ရဲဘော်များအပြင် ပြည်သူများကလည်း လိုက်ပါပို့ဆောင်ခဲ့ကြသည်။

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

ကျဆုံးခဲ့သည့် ဗိုလ်လောင်ချာနှင့် တပ်ဖွဲ့ဝင် ရဲဘော်ဝင်းဇော်တို့သည် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ထိုးစစ်ဆင်ခံရသည့်နေ့က အကူအညီပေးရန် စစ်ရေးကင်းထောက်လမ်းကြောင်းတစ်ခုသွားရင်း စစ်ကောင်စီကင်းပုန်းများ၏ ပိတ်ဆို့ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့များက နှိပ်စက်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း အရာတော်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

ဗိုလ်လောင်ချာနှင့် ရဲဘော်ဝင်းဇော်တို့၏ ရုပ်အလောင်းများကို ပြန်လည် မသယ်ယူနိုင်ခဲ့သဖြင့် အရိုးပြာဖြင့်သာ ဈာပနအခမ်းအနားပြုလုပ်ပြီး ရပ်ရွာပြည်သူလူထုနှင့် တပ်ဖွဲ့ရဲဘော်များက အလေးပြုနှုတ်ဆက်ခဲ့သည်ဟု အရုတော်ပို့စ်က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)
(ရဲဘော်နှစ်ဦး၏ စျာပနာအား တွေ့ရစဥ်၊ဓာတ်ပုံ-အရာတော်ပို့စ်)

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တာဝန်ခံတစ်ဦးက “ဗိုလ်လောင်ချာက မဟာမိတ်တွေနဲ့လည်း အဆင်ပြေပြီး စည်းရုံးရေးကောင်းတဲ့ ခေါင်းဆောင်တစ်ဦးပါ။ အပေါင်းအသင်းဆံ့ပြီး အရာတော်မြို့နယ်ရဲ့ သတင်းကင်းထောက်ပိုင်းမှာရော ခေါင်းဆောင်မှုပိုင်းမှာပါ တကယ်တော်တဲ့ တပ်ဖွဲ့မှူးတစ်ယောက်ဖြစ်ပါတယ်ခင်ဗျ။ လုံးဝစိတ်မကောင်းပါဘူး။”ဟု ပြောကြားသည်။

နှစ်ဦးလုံး လူလတ်ပိုင်းအရွယ်များဖြစ်ပြီးဗိုလ်လောင်ချာတွင် သားသမီးများအပါအဝင် မိသားစုဝင် ၈ ဦး ကျန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။