Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် အင်းတကော်မြို့နယ်မှ နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ရှင်းလင်း

ယမန်နေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က အင်းတကော်မြို့နယ် ဟံသာဝတီဂေါက်ကွင်းအနီး အင်းတကော်ရဲစခန်း၊ သာယာအေးအပိုင်နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးဆိုသူကို IPDF မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် အင်းတကော်မြို့နယ်မှ နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ရှင်းလင်း
'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် အင်းတကော်မြို့နယ်မှ နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ရှင်းလင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် အင်းတကော်နယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် နယ်ထိန်းခေါင်းဆောင် တစ်ဦး ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က အင်းတကော်မြို့နယ် ဟံသာဝတီဂေါက်ကွင်းအနီး အင်းတကော်ရဲစခန်း၊ သာယာအေးအပိုင်နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးဆိုသူကို IPDF မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

“အဲဒီနယ်ထိန်းက မိမိအပိုင်နယ်မြေအတွင်းက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ရမယ့်အစား အပိုင်နယ်မြေအတွင်းမှာရှိတဲ့ ဘော လုံး၊ နှစ်လုံး၊ သုံးလုံး ဒိုင်များထံမှ အပတ်စဥ်ကြေး လစဥ်ကြေးကောက်ပြီး ချမ်းသာနေသူတစ်ဦးဖြစ်ပါတယ်”ဟု IPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့ကြောင့် နယ်မြေအတွင်းမှ လစဥ်ကြေးပေးရမည့် လောင်းကစားဒိုင်များနှင့် အရက်ပုန်းဆိုင်များမှလစဥ်ကြေး အပတ်စဥ်ကြေးယူရန်လာစဥ် ကျန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်ဖြင့် သုံးချက်ပစ်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူကိုထာဝရရှေးရှူ၍ လုပ်နိုင်စွမ်းရှိသမျှ၊ အာဏာရှင်ထောက်တိုင်များ၊ စစ်တပ်၊ ရဲများအား ပြတ်ပြတ်သားသား သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အမြဲသတိရှိ၍ ရဲဘော်များအားလိုအပ်သလို ကူညီပေးကြစေလိုကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရှည်လျားလှတဲ့ နိုင်ငံတကာ စစ်ဆင်ရေး ဖြန့်ကျက်မှုကာလ ပြီးဆုံးပြီးတဲ့နောက် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၁၆ ရက်နေ့မှာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။