Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်မှာ စစ်ရှောင် ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ကလေးငယ် ထက်ဝက်ကျော်ပါဝင်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၁ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရသိရပါတယ်။

ကရင်ပြည်နယ်မှာ စစ်ရှောင် ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ကလေးငယ် ထက်ဝက်ကျော်ပါဝင်
ကရင်ပြည်နယ်မှာ စစ်ရှောင် ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ကလေးငယ် ထက်ဝက်ကျော်ပါဝင်

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရတဲ့ ဒေသခံ ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ထက်ဝက်ကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

အဲဒီစစ်ရှောင်ကလေးငယ်တွေထဲမှာမိန်းကလေးငယ်အများစုပါဝင်တယ်လို့လည်း KHRG က ဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင် ပြည်သူတွေဟာ တောတောင်တွေထဲမှာ ထိခိုက်ဒဏ်ရာရတာ ၊ မြေမြှုပ်မိုင်းပေါက်ကွဲတာ ၊ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ KHRG က ပြောပါတယ်။

ဒါအပြင် သောက်သုံးရေ ၊ အစားအစာ ၊ပညာရေး ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဟာ စစ်ရှောင်ပြည်သူတွေ လက်လှမ်းမီနိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို အရှိန်မြင့် လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေရှိနေပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၁ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ကလေးငယ်တွေကို လူမှုကွန်ရက် မီဒီယာတွေနဲ့ ထိတွေ့ခွင့်ကနေ တစ်ဆင့်ချင်းစီ ကန့်သတ် ပိတ်ပင်သွားဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပါတယ်။