Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်ပြည်နယ်မှာ စစ်ရှောင် ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ကလေးငယ် ထက်ဝက်ကျော်ပါဝင်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၁ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရသိရပါတယ်။

ကရင်ပြည်နယ်မှာ စစ်ရှောင် ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ကလေးငယ် ထက်ဝက်ကျော်ပါဝင်
ကရင်ပြည်နယ်မှာ စစ်ရှောင် ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ကလေးငယ် ထက်ဝက်ကျော်ပါဝင်

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရတဲ့ ဒေသခံ ပြည်သူ ၃ သိန်းခွဲကျော်ရှိလာပြီး ထက်ဝက်ကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

အဲဒီစစ်ရှောင်ကလေးငယ်တွေထဲမှာမိန်းကလေးငယ်အများစုပါဝင်တယ်လို့လည်း KHRG က ဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင် ပြည်သူတွေဟာ တောတောင်တွေထဲမှာ ထိခိုက်ဒဏ်ရာရတာ ၊ မြေမြှုပ်မိုင်းပေါက်ကွဲတာ ၊ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ KHRG က ပြောပါတယ်။

ဒါအပြင် သောက်သုံးရေ ၊ အစားအစာ ၊ပညာရေး ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဟာ စစ်ရှောင်ပြည်သူတွေ လက်လှမ်းမီနိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို အရှိန်မြင့် လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေရှိနေပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၁ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရသိရပါတယ်။