Connect with us

Hi, what are you looking for?

သတင်း

ကရင်ပြည်နယ်၏ စစ်ရှောင်စခန်းတစ်ခုတွင် အစာအဟာအရ၊ ကျန်းမာရေးဝန်ဆောင်မှုများအပြင် ပျော်ရွှင်မှုများပေးခဲ့ဟု မိုးဗြဲ MPRT အသိပေး

“စစ်ဒဏ်သင့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကိုလည်း တတ်နိုင်သည့်ဖက်မှ ကူညီစောင့်ရှောက်ရန် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု MPRT က ပြောသည်။

ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT
ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT

လူသားချင်းစာနာ‌ထောက်ထားမှုအပြည့်ရှိသော အလှူရှင်တို့၏ကူညီထောက်ပံ့ပေးမှုများဖြင့် စစ် ဘေးရှောင်များစွာရှိနေသည့် ကရင်ပြည်နယ်၏ စစ်ရှောင်စခန်းတစ်ခုတွင် အစာအဟာအရ၊ကျန်း မာရေးဝန်ဆောင်မှုများအပြင် ပျော်ရွှင်မှုများပေးစွမ်းနိုင်ခဲ့ကြောင်း MOBYE PDF Rescue Team-MPRT က ယနေ့(သြဂုတ် ၂၁ ရက်) ထုတ်ပြန်သည်။

MPRTနှင့်အတူ အခြားသောလူမှု‌ထောက်ပံ့ရေးအဖွဲ့၊ရဲဘော်အဖွဲ့အစည်းတို့က ဦးဆောင်ပြီး ကရင်နီပြည်တွင်း စစ်‌ဘေးရှောင်များစွာရှိ‌ရာဒေသကို ကျန်းမာရေး စောင့်ရှောက်မှု၊ စားစရာမုန့် အချိုရည်အချို့တို့နှင့် ကလေးသူငယ်များအားဟာသများ၊သီချင်းများ၊အကသရုပ်ဆောင် စသည့်အမျိုးမျိုးသော ပျော်ရွှင်မှုတို့ကို ပေးစွမ်းခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT
ဓာတ်ပုံ – MOBYE PDF Rescue Team-MPRT

“စစ်ဒဏ်သင့် ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကိုလည်း တတ်နိုင်သည့်ဖက်မှ ကူညီစောင့်ရှောက်ရန် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု MPRT က ပြောသည်။

စစ်ဒဏ်သင့် ပြည်သူများကိုကူညီ‌ထောက်ပံ့ခြင်းနှင့် ရဲဘော်များ၏ကျန်းမာရေး စောင့်ရှောက်မှုများ‌ဆောင်ရွက်ရာတွင် လိုအပ်ချက်များစွာနှင့် စိန်ခေါ်မှုများစွာရှိ‌နေသောကြောင့် MPRT အနေဖြင့်အကူအညီအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - MOBYE PDF Rescue Team-MPRT
ဓာတ်ပုံ – MOBYE PDF Rescue Team-MPRT

စစ်မြေပြင်ကယ်ဆယ်‌ရေးလုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်လျက်ရှိပြီး ရဲဘော်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ကြိုးစားဆောင်ရွက်နေသည်ဟု ဆိုသည်။

မည်သည့်အခြေနေတွင်မဆို စစ်မြေပြင်ကယ် ဆယ်ရေး နှင့် ရဲဘော်ကျန်းမာရေး စောင့်ရှောက်မှုများကို အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း MPRT က ကတိပြုသည်။

စစ်တပ်၏ မတရားအာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်စစ်တွင် ကရင်နီပြည်နယ်မှ ပြည်သူနှစ်သိန်းဝန်းကျင်ခန့်မှာ နေရပ်ဒေသမှစွန့်ခွာ၍ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။