Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ် မံဝိန်းဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော

ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

ရွှေကူမြို့နယ် မံဝိန်းဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော
ရွှေကူမြို့နယ် မံဝိန်းဒေသ၌ ယနေ့ တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့ညပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု ဒေသခံပြော

▪️စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်၍ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရဟုဆို

ကချင်ပြည်နယ် ရွှေကူမြို့နယ် မံဝိန်းကျေးရွာနှင့် အနီးတဝိုက်၌ ယနေ့ နေ့လည်ပိုင်း၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၁ရက်) ညပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ရွှေကူမြို့နယ် အတွင်းသို့ ထိုးစစ်ဆင်လာ၍ ညပိုင်း၌ ဒေသခံကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့နေ့လည်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆိုသည်။

“လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ဝင်တယ်။ ပြည်သူတွေကိုလည်း ဖမ်းတယ်။ ပစ္စည်းတွေသယ်ခိုင်းတာပေါ့ သူတို့လက်နက်တွေသယ်ခိုင်းတာ။ လူတွေတော့ ပြန်လွှတ်ပေးတယ်။ ရွာတွေကို လှမ်းပစ်တယ်ဆိုတာ လမ်းရှင်းတဲ့သဘော ပစ်တာလားမသိဘူး။ အခု မနက်က စီမူလေးရွာကို စီးပြီး စီမူကြီးရွာကို စီးတယ်။ အခု မံဝိန်းရွာဘက်ကို ပြန်စီးဖို့လုပ်နေတာ။ကလေးတစ်ယောက်ထိတယ်ဆိုတာ မံဝိန်းရွာကို လှမ်းပစ်တော့ ကလေးတစ်ယောက်ထိတယ်လို့ကြားတယ်။ ဒါ့ပေမယ့် ကလေးထိတာ မထိတာ အတိအကျမသိဘူး။ ကျွန်တော်အတိအကျ သိတာက မနေ့ညက ဖြစ်တဲ့တိုက်ပွဲမှာ ပြည်သူ့စစ်သား တစ်ယောက်ကတော့ ပုခုံးကိုထိသွားတယ်။ သူတို့ဘက်က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျတာတော့ ၅ယောက်၊ ၆ယောက်ကျတယ်လို့ ကြားတယ်။”ဟု ရွှေကူဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညက စစ်ကောင်စီတပ်များ ဝင်လာစဉ် PDF များက ပစ်ခတ်ခြင်းမရှိဘဲ ရှောင်ပေးခဲ့သော် လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ နေအိမ်၊ ကျောင်းနှင့် လူထိခိုက်မှု ဖြစ်ပေါ်လာခြင်းကြောင့် ကင်းပုန်းဝပ်သည့် ဒေသခံများက ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသခံက ပြောပြသည်။

Public Service Announcement

Public Service Announcement

“ရွာက ကလေးတွေထိ ကျောင်းတွေထိ အိမ်တွေထိဆိုတော့ ကင်းပုန်းဝပ်ထားတဲ့ ရပ်သားရွာသားတွေကလည်း တက်နိုင်ရာတူမီးလေးတွေ ကိုင် ထားတာပေါ့။ ကျန်တဲ့ သေနတ်မောင်းပြန်တို့ဘာတို့ဆိုတာက တစ်ရွာမှ နှစ်လောက်ပဲ ချပေးနိုင် တာ။အဲဒါဆိုတော့ ပြန်ခုခံဖို့ အားမရှိဘူး။ သူများက အလုံးအရင်း ရာနဲ့ချီပြီးမှ ဝင်လာတာလေ။အဲဒါဆိုတော့ ရှောင်ရုံပဲရှိတာကိုး။ အခုမှ KIAဘက်က ဆင်းလာတယ်ထင်တယ်။ လက်နက် သံတော်တော်များများ ကြားရတယ်။ KIA ဘက် က ဆင်းလာလို့ထင်တယ် အခု အသဲအသန်ချနေပြီ” ဟု ရွှေကူဒေသခံက ယနေ့ နေ့လည် ၁နာရီခန့်တွင် ပြောသည်။

စစ်ကောင်စီတပ်ကလည်း ရေကြောင်းမှ အင်အားဖြည့်တင်းရန် စီစဉ်နေသကဲ့သို့ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မည်ဟု သတင်းကြားသိရကြောင်း ကချင်ဒေသခံက ပြောသည်။

“KIAတွေကလည်း သူတို့ တောထဲက အဖွဲ့အစည်းတွေ အကုန်လုံးဆင်းလာတယ်လို့ ပြောတာပဲ။ ဒါပေမဲ့ ဘယ်လောက် အင်အား ဆင်းလာတယ်ဆိုတာတော့ အတိအကျ မသိရဘူး”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။