Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်တွင် ခလရ(၇၈)မှ စက်လှေလေးစီးကို စောင့်ကြိုတိုက်ခိုက်ရာ သုံးစီးနစ်မြုပ်

ထို့အပြင် ပြည်သူ့နေအိမ်များ​ အထိအခိုက်ထပ်မရှိစေရေးအတွက် အထက်အမိန့်အတိုင်း ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်းလည်း K-PDF က ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မိုးစစ်ရွာမှ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသည်ကို တေံ့ရစဏ်၊ ဓာတ်ပုံ - မြို့လှ K-PDF
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မိုးစစ်ရွာမှ နေအိမ်တစ်လုံးမီးလောင်ပျက်စီးသည်ကို တေံ့ရစဏ်၊ ဓာတ်ပုံ - မြို့လှ K-PDF

▪️စစ်ကောင်စီတပ်သား ၂၇ ဦးထက်မနည်းသေဟု မြို့လှ PDF ပြော

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ခလရ(၇၈)မှ အင်အား ၁၀၀ခန့်ပါ စက်လှေလေးစီးကို စောင့်ကြိုတိုက်ခိုက်ရာ သုံးစီးနစ်မြုပ်ပြီး စစ်ကောင်စီတပ်သား ၂၇ ဦးထက်မနည်းသေဆုံးကြောင်း မြို့လှ K-PDF က ယနေ့(စက်တင်ဘာ ၂၃ ရက်) ထုတ်ပြန်သည်။

မြို့လှ K-PDF တပ်ရင်းနယ်မြေအတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှ တပ်မ(၈၈) လက်အောက်ခံ၊ခလရ (၇၈)မှ အင်အား ၁၀၀ခန့်ဖြင့် ရွှေကူမြို့ ကျွန်တော်ရွာမှ စက်လှေလေးစီးဖြင့် မိုးစစ် ကျေးရွာဘက်သို့ ကူးလာစဥ် ယမန်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

မြို့လှ K-PDF တပ်ခွဲ(၁)ဗိုလ်မိုးကြိုး ဦးစီးသော အဖွဲ့ မှ ဒုတပ်ခွဲမှူး တပ်းမှူး ဂဠုန် နှင့် တပ်စုမှူး တပ်မှူးရွှေဒေါင်း၊ တပ်စိတ်မှူးရွှေအိုး ၊တပ်စိတ်မှူး ပွဲကြီး၊တပ်စိတ်မှူး ဒူဝံ၊ တပ်စိတ်မှူး ထုံးကြီး၊ အရံအင်အားအဖွဲ့မှ တပ်မှူးကျားလေး၊ တပ်မှူးမုန် တိုင်းတို့ဦးဆောင်ကြပြီး ခလရ (၇၈)အဖွဲ့အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စက်လှေ သုံးစီး နစ်မြုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၇ ဦးထက်မနည်း သေဆုံးကာ ရွှေကူမြို့သို့ ဒဏ်ရာရသူ ငါးဦးသယ်ယူသွားရကြောင်းလည်း ဖော်ပြသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် မိုးစစ်ရွာဘက်သို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ လေးဦးထိခိုက်ကာ (၇)နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲတွင် မြို့လှ K-PDF တပ်ရင်းဘက်မှ အထိခိုက်မရှိခဲ့ကြောင်းလည်း အသိပေးသည်။

ထို့အပြင် ပြည်သူ့နေအိမ်များ​ အထိအခိုက်ထပ်မရှိစေရေးအတွက် အထက်အမိန့်အတိုင်း ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်းလည်း K-PDF က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကောလင်းမြို့နယ်အနောက်ခြမ်း၊မူးချောင်းအတွင်းရွှေမျောကိုတွဲသယ်ဆောင်လာတဲ့ စက်လှေဟာ​​​အရှိန်မထိန်နိုင်​ဘဲတံတားကို ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

Facebook