Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေတပ် F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လွတ်မြောက်

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ညွှန်းဆိုခံထားရတဲ့ F-35 ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ အနီးအနားမှာ ရှိနေသူ တချို့ကတော့ လေယာဉ် အဆင်းမှာ ပျက်ကျသွားတာကို တွေ့လိုက်ကြောင်း ပြောပါတယ်။

အမေရိကန် လေတပ် F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လွတ်မြောက်
အမေရိကန် လေတပ် F-35 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လွတ်မြောက်

အမေရိကန် လေတပ်ရဲ့ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ် တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးကတော့ အသက်ရှင် လွတ်မြောက်သွားခဲ့ပါတယ်။

F-35A Lightning II အမျိုးအစား ဂျက်တိုက်လေယာဉ်ဟာ အောက်တိုဘာ ၂၀ မနက်အစောပိုင်းက ယူတားပြည်နယ်၊ ဟေးလ် လေတပ်စခန်းရဲ့ ပြေးလမ်း အကျော်မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ လေယာဉ် ပေါက်ကွဲမီးလောင်လို့ မီးခိုးလုံးတွေ အူထွက်နေတာကို အဝေးက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ ပျံ့နှံ့ခဲ့ပါတယ်။

လေယာဉ်မှူးက ခုန်ထွက်လွတ်မြောက်ခဲ့ပြီး အခြေအနေ စိုးရိမ်စရာ မရှိကြောင်း၊ သူ့ကို အနီးအနားက ဆေးရုံတစ်ခုဆီ ခေါ်ဆောင်သွားပြီး ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်း ဟေးလ် လေတပ်စခန်းရဲ့ Twitter စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် ညွှန်းဆိုခံထားရတဲ့ F-35 ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ အနီးအနားမှာ ရှိနေသူ တချို့ကတော့ လေယာဉ် အဆင်းမှာ ပျက်ကျသွားတာကို တွေ့လိုက်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုံမှန်ဆိုရင် ပြေးလမ်းရဲ့ တောင်ဖက်ခြမ်းကနေ လေယာဉ်တွေ ဆင်းလာလေ့ ရှိပေမယ့် အခု F-35ကတော့ ရုတ်တရက် စက်ရပ်သွားဟန်ရှိပြီး ချက်ချင်း ထိုးဆင်းသွားခဲ့ကြောင်း မျက်မြင်တစ်ယောက်က ဆိုပါတယ်။ ဟေးလ် လေတပ်စခန်းဟာ အကျယ်အဝန်းနဲ့ အမှုထမ်း ဦးရေတွေအရ အမေရိကန်လေတပ်ရဲ့ ဒုတိယ အကြီးဆုံး အခြေစိုက် စခန်းလို့ သတ်မှတ်နိုင်ပါတယ်။

F-35တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် မြင့်မြင့်မားမား ပါဝင်ပြီး အဆင့်မြင့် နည်းပညာတွေ အသုံးပြုထားတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ အမေရိကန်ရယ်၊ အနီးစပ်ဆုံး မဟာမိတ် နိုင်ငံ အနည်းအကျဉ်းရယ်လောက်ကိုပဲ ဒီလေယာဉ်တွေ တင်ပို့တာဖြစ်ပြီး နည်းပညာ ပေါက်ကြားမှု မရှိအောင် ဘက်ပေါင်းစုံကနေ ကန့်သတ်ထားပါတယ်။

F-35မှာ မျိုးကွဲ ၃ ခု ရှိရာမှာ အခုပျက်ကျတဲ့ F-35Aကတော့ သာမန် ပြေးလမ်းတွေမှာသာ အတက်အဆင်း ပြုလုပ်နိုင်ပြီး လေတပ်အတွက် အဓိက ရည်ရွယ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကျန်တဲ့ မျိုးကွဲတွေကတော့ လေယာဉ်တင် သင်္ဘောတွေက ပြေးလမ်းတိုတွေနဲ့ အံဝင်မယ့် အမျိုးအစားရယ်၊ မရိန်းတပ်ဖွဲ့အတွက် ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်တဲ့ အမျိုးအစားရယ် ဖြစ်ပါတယ်။ F-35 တိုက်လေယာဉ် တစ်စီးရဲ့ ပျမ်းမျှတန်ဖိုးဟာ ဒေါ်လာ သန်း ၁၀၀ ဝန်းကျင်လောက် ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်း တိုက်လေယာဉ်တွေ ထုတ်လုပ် တည်ဆောက်ပေးဖို့ အမေရိကန် လေတပ်က ကုမ္ပဏီ နှစ်ခုနဲ့ အဝယ်စာချုပ်တွေ ချုပ်ဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။